ပန်းတောင်း၊ ဒီဇင်ဘာ ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးအဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကျော်သီဟ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ မကြီးထုံးကျေးရွာအုပ်စု၊ ရေလည်ကျွန်းကျေးရွာအုပ်စုနှင့် ကျွန်းမီးကျေးရွာအုပ်စုများတွင် ဆောင်းမြေပဲပန်းတိုင်အထွက်နှုန်းရရှိရေး တစ်ဆက်တစ်စပ်တည်း ဧက(၂၀၀၀) စံပြကွက်စိုက်ခင်းအားလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မျိုးစေ့အထုပ်များ၊ အပင်အားကောင်းဆေးများ၊ ပိုးသတ်ဆေးများအသုံးပြု၍ စနစ်တကျစိုက်ပျိုးကာ အောင်မြင်ဖြစ်ထွန်းခဲ့သော သီးနှံများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့၍ တောင်သူများနှင့်လည်း တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ယူရီယားဓာတ်မြေသြဇာများကို တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
လပြည့်လင်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment