ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း၏ သက်တော်(၇၂)နှစ်ပြည့်အထိမ်းအမှတ် နှင့် Royal Project Foundation တည်ထောင်သည့် (၅၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း၏ သက်တော်(၇၂)နှစ်ပြည့်အထိမ်းအမှတ် နှင့် Royal Project Foundation တည်ထောင်သည့် (၅၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း တက်ရောက်




 ချင်းမိုင်၊ ဒီဇင်ဘာ ၃

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း သည် ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း၏ သက်တော်(၇၂)နှစ်ပြည့်အထိမ်းအမှတ် နှင့် Royal Project Foundation တည်ထောင်သည့် (၅၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Royal Park Rajapruek ပန်းခြံ၌  ၁-၁၂-၂၀၂၄ ရက် တွင် Royal Project Foundation က ကြီးမှူး၍ ကျင်းပပြုလုပ်သော The Royal Project International Conference နှင့် The Royal Project Fair 2024 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းနားသို့ ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းနှင့် မိဖုရား ဆုသိတာ တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဘုရင့်အတိုင်ပင်ခံကောင်စီဝင်များ၊ ထိုင်းအစိုးရဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ထိုင်းနိုင်ငံအခြေစိုက် သံရုံး/ကောင်စစ်ဝန်ချုပ်ရုံးများမှ သံအမတ်ကြီးများ နှင့် ကောင်စစ်ဝန်ချုပ်များ၊ UNODC ၏ အရှေ့တောင်အာရှဆိုင်ရာ ကိုယ်စားလှယ်နှင့် ချင်းမိုင်ခရိုင် ဌာနဆိုင်ရာအသီးသီးမှ အဆင့်မြင့်အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ကောင်စစ်ဝန်ချုပ်က The Royal Project Foundation ဥက္ကဋ္ဌ ဘုရင့် အတိုင်ပင်ခံကောင်စီဝင်၊ ဗိုလ်ချုပ်ကြီး Kampanat Ruddith က တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)