ဗီယင်နာအခြေစိုက် ကုလသမဂ္ဂအမျိုးသမီးများအသင်း(UNWG)၏ အပြည်ပြည်ဆိုင်ရာ ဈေးရောင်းပွဲတော်တွင် မြန်မာနိုင်ငံပါဝင်ဆင်နွှဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗီယင်နာအခြေစိုက် ကုလသမဂ္ဂအမျိုးသမီးများအသင်း(UNWG)၏ အပြည်ပြည်ဆိုင်ရာ ဈေးရောင်းပွဲတော်တွင် မြန်မာနိုင်ငံပါဝင်ဆင်နွှဲ





ဗီယင်နာ၊ ဒီဇင်ဘာ ၂

ဗီယင်နာအခြေစိုက် ကုလသမဂ္ဂအမျိုးသမီးများအသင်း (UNWG)က ကြီးမှူးလျက် ၃၀-၁၁-၂၀၂၄ ရက်တွင် ဩစတြီးယားစင်တာ၌ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ဈေးရောင်းပွဲတော်တွင် မြန်မာသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဗီယင်နာမြို့က ပါဝင် ဆင်နွှဲခဲ့သည်။

အဆိုပါဈေးရောင်းပွဲတော်တွင် မြန်မာသံရုံး/အဖွဲ့ရုံးသည် ဗီယင်နာမြို့အခြေစိုက် အခြားအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများနှင့် အဖွဲ့အစည်းများနှင့်အတူ ကမ္ဘာ့တစ်ဝန်းရှိ အကူအညီလိုအပ်နေသည့် ကလေးသူငယ်များအား လှူဒါန်းနိုင်ရန်အတွက် မြန်မာ့ရိုးရာ အဝတ်အထည်များနှင့် လက်မှုပစ္စည်းများကို ရောင်းချခဲ့ပြီး၊ နိုင်ငံများအလိုက် ကမ္ဘာ့ဝတ်စား ဆင်ယင်မှုပြပွဲနှင့်ရိုးရာအကဖျော်ဖြေပွဲများတွင်လည်း ပါဝင်တင်ဆက်ပြသခဲ့သည်။ 

UNWG သည် ကမ္ဘာတစ်ဝန်းရှိ အကူအညီလိုအပ်နေသည့် အမျိုးသမီးနှင့် ကလေး သူငယ်များအတွက် အကူအညီပေးအပ်ရေးအစီအစဉ်များ၊ ပညာရေးနှင့် မရှိမဖြစ်လိုအပ်မှု များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရန်ပုံငွေရှာဖွေပေးသည့် အဖွဲ့အစည်းဖြစ်ပြီး ဩစတြီးယားနှင့်အခြားနိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်ပူးပေါင်းလျက် ဒေသတွင်း နှင့် ကမ္ဘာ့အရပ်ရပ်ရှိ လှူဒါန်းမှုများကို ကူညီပံ့ပိုးလျက်ရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)