WHO အကြီးအကဲ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကနေ ကံကောင်းလို့ လွတ်မြောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

WHO အကြီးအကဲ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကနေ ကံကောင်းလို့ လွတ်မြောက်


ဒီဇင်ဘာ - ၂၇ ( သောကြာနေ့ ) 

ကုလသမဂ္ဂဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့အကြီးအကဲ တီဒရို ဂီဘရီယီဆက် က ယီမင်နိုင်ငံမြို့တော် ဆန်နာ လေဆိပ်ကို ရောက်ရှိချိန်မှာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ ကြုံလိုက်ရပြီး ကံကောင်းလို့ လွတ်မြောက်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ 

“လေယာဉ်ကွင်းကို လေကြောင်းတိုက်ခိုက်မှုလာလုပ်တော့ ကျနော်နဲ့ သိပ်မဝေးပါဘူး ။ ကျနော်တို့အဖွဲ့ထိခိုက်မှု မရှိခဲ့ပေမဲ့ လေယာဉ်ပြေးလမ်းတွေ ပျက်စီးသွားလို့ ပြန်ထွက်လို့ရအောင် ရှင်းလင်နေတာနဲ့ ကျနော်တို့အချိန် တော်တော်ကြာအောင် စောင့်လိုက်ရပါတယ်” လို့ ဆိုပါတယ်။ 

WHO အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က စစ်ဘေးသင့်နေတဲ့ ယီမင်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဟူသီသူပုန်များ ချုပ်နှောင်ထားသည်ဟု ယူဆရသည့် ဓားစားခံ အနည်းဆုံး ၁၇ ဦးကို လွှတ်ပေးရန် ညှိနှိုင်းမှုပြုလုပ်ခဲ့ပြီး ဓားစားခံတွေရဲ့ ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှု အခြေအနေများကို အကဲဖြတ်ခဲ့ပါတယ်။

ဂီဘရီယီဆက် ရဲ့ အဆိုအရ ဆန်နာ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို သူတို့အဖွဲ့ ရောက်ပြီး လေယာဉ်ပေါ် တက်ခါနီးတွင် အစ္စရေးလေတပ်ရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရတာပဲဖြစ်ပါတယ်။  

“လေယာဉ်အမှုထမ်းတွေထဲက တစ်ယောက် ဒဏ်ရာရတယ်။ လေဆိပ်မှာ အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့တယ်လို့ သတင်းရရှိထားပါတယ်၊ ကျွန်တော့်ရဲ့ ကုလ အဖွဲ့ နဲ့ WHO လုပ်ဖော်ကိုင်ဖက်တွေ ဘေးကင်းပါတယ်” လို့ ၎င်းရဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “လေကြောင်းထိန်းချုပ်ရေးမျှော်စင်၊ ထွက်ခွာခန်း က ကျွန်တော်တို့ ရောက်နေတဲ့နေရာနဲ့ မီတာအနည်းငယ်အကွာမှာ ရှိနေတာပါ။ ပြေးလမ်းလည်း ပျက်စီးသွားတယ်။ လေဆိပ်က ပျက်ဆီးသွားတဲ့အတွက် လေဆိပ်ကို မထွက်ခွာခင် ပြုပြင်ဖို့ စောင့်လိုက်ရတာပါ”  လို့ဆိုပါတယ်။ 

 ဆန်နာမြို့ရဲ့ အနောက်ဘက်ရှိ ပင်လယ်နီဆိပ်ကမ်းမြို့ ရက်အစ္စလာ တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ရှိတယ်လို့ သတင်းရပါတယ်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၎င်း၏ ဂျက်လေယာဉ်များသည် ဟူသီ၏ “စစ်ရေးအခြေခံအဆောက်အအုံများ” ၊ လေဆိပ်များအပြင် ယီမင်အနောက်ဘက် ဆိပ်ကမ်းများရှိ ဓာတ်အားပေးစက်ရုံများနှင့် စစ်ရေးပစ်မှတ်များကိုတိုက်ခိုက်ခဲ့ကြောင်း ဆိုပါတယ်။ သယ်ယူပို့ ဆောင်ရေး အချက်အချာကျသော နေရာများကို ဟူသီသူပုန်များက အသုံးပြုပြီး အီရန်ကနေ လက်နက်များ မှောင်ခို တင်သွင်းခဲ့ကြောင်းကိုလည်း IDF က အတည်ပြု ပြောကြားခဲ့ပါတယ်။


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)