နေပြည်တော်၊ ဒီဇင်ဘာ ၂၇
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာလာရောက်စာရင်းပေးသွင်းကြသည့်လူငယ်များကို ပြည်သူ့စစ်မှု ထမ်းသင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုအခါ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၆)သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများအသီးသီးတွင် ကျင်းပ ပြုလုပ်ကြသည်။
အဆိုပါ သင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူ ကြသည်။ထို့နောက် သင်တန်းကျောင်းများအလိုက် ထူးချွန်ဆုရရှိကြသူများအားဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းအမှာစကားများ ပြောကြားကြသည်။
သင်တန်းဆင်းပွဲအခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲသို့ တက်ရောက် ကြသော နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၆)မှ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များအားတွေ့ဆုံ အမှာစကားပြောကြားကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကြသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၆)ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီးသင်တန်းကာလအတွင်း ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ ခြေလျင်လက်နက်ငယ်ဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် များကို စာတွေ့၊ လက်တွေ့စနစ်တကျသင်ကြားလေ့ကျင့်ခဲ့ကြပြီး စစ်မြေပြင်အင်ဂျင်နီ ယာဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်ရေး ဘာသာရပ်နှင့် အထွေထွေဘာသာရပ်များကို လည်း ရက်သတ္တပတ်အလိုက် အဆင့်ဆင့်လေ့ကျင့်သင်ကြားခဲ့ကြကြောင်းသိရှိရသည်။
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment