ရခိုင်ပြည်နယ်အတွင်းမှာ AA အကြမ်းဖက်အဖွဲ့က မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့သလို လူမျိုးရေးပဋိပက္ခဖန်တီးပြီး ဒေသခံ ရခိုင်တိုင်းရင်းသား လူငယ်တွေကို အကြမ်းဖက်သမားများအဖြစ် တိုက်ပွဲဝင်ခိုင်းနေတာလဲ ရှိပါတယ်။ AA အကြမ်းဖက်အဖွဲ့အနေနဲ့ ဘူးသီးတောင်၊ မောင်တော၊ အမ်း အစရှိတဲ့ မြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီဆိုတဲ့ ကြေညာချက်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။
AA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို ခုခံကာကွယ်ရင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေမှာ လိုအပ်တဲ့ ကူညီမှုတွေမရခဲ့တာကြောင့် အလံဖြူထောင်ပြီး အကြမ်းဖက်အဖွဲ့ထံမှာ အညံ့ခံခဲ့ရတဲ့ အဖြစ်မျိုးတွေလည်း ရှိခဲ့ပါတယ်။ AA အကြမ်းဖက်အဖွဲ့ဟာ စစ်သုံ့ပန်းများကို ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းများ ထွက်ပေါ်လာခဲ့ပါတယ်။ AA ခေါင်းဆောင်များအနေနဲ့ ဗမာမုန်းတီးရေးလှုံ့ဆော်ပြီး ရခိုင်လူငယ်များကို အကြမ်းဖက်သမားအဖြစ် အသုံးချနေတာ ဖြစ်တဲ့အတွက် တပ်မတော်သားတိုင်းကို ဗမာဆိုတဲ့ အမုန်းတရားနဲ့ သတ်ဖြတ်တာမျိုး ဖြစ်ပါလိမ့်မယ်။
ဒီထက်ပိုဆိုးတဲ့ AA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်ကတော့ တပ်မတော်အနေနဲ့ အကြမ်းဖက်နှိမ်နင်းရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် AA အကြမ်းဖက်အဖွဲ့ခေါင်းဆောင်များ၊ အကြမ်းဖက်သမားများ အခြေပြုလှုပ်ရှားရာ နေရာများကို Drone အဖွဲ့နဲ့ စနစ်တကျ လေ့လာထောက်လှမ်းပြီး ပြန်လည်ခြေမှုန်းခဲ့တာတွေလည်း ရှိပါတယ်။ တပ်မတော်က သူတို့အခြေပြုလှုပ်ရှားရာ နေရာများကို သိသွားပြီဆိုတဲ့အခါမျိုးမှာ AA အကြမ်းဖက်အဖွဲ့ဟာ ဒေသခံပြည်သူတွေက သတင်းပေးတယ်လို့ စွပ်စွဲပြီး ကျေးရွာတွေကို လက်နက်ကြီး၊ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တာမျိုးတွေ လုပ်ဆောင်ပါတယ်။
တပ်မတော်၏ Drone Team အဖွဲ့မှ စစ်တွေမြို့၏ အရှေ့ဘက် မီတာ ၅၀၀၀ ခန့်အကွာ မင်းဂံကျေးရွာဘုန်းကြီးကျောင်း၊ ခမောင်းတောနှင့် မီးလောင်ကျေးရွာ အနီးဝန်းကျင်ရှိ AA အကြမ်းဖက်သမားများ အခြေပြုလှုပ်ရှားရာ နေရာများကို Drone ဖြင့်Drop Bomb ချ ခြေမှုန်းခဲ့ပါတယ်။ အဲဒီလို ရှင်းလင်းခံရတဲ့အချိန်မှာ AA အကြမ်းဖက်အဖွဲ့က အခြားကျေးရွာတွေက သတင်းပေးလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုး လုပ်ဆောင်ခဲ့ပါတယ်။ AA အကြမ်းဖက်အဖွဲ့က မင်းဂံကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ဝါးဘိုကျေးရွာများကို ၁၂၀ မမ ၂ လုံး၊ ၈၁ မမ ၄ လုံး၊ ၆၀ မမ ၆ လုံး၊ ပေါင်း လက်နက်ကြီး ၁၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ၁၆-၁-၂၀၂၅ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ မင်းဂံကျေးရွာဘုန်းကြီးကျောင်းဝင်းအထိ ကျရောက်ပေါက်ကွဲသလို ဝါးဘိုကျးရွာအနီး ၈၁ မမ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သတင်းများအရ သိရပါတယ်။
AA အကြမ်းဖက်အဖွဲ့ဟာ ၎င်းတို အခြေပြုနေရာများကို drop bomb ချတိုက်ခိုက်ခြင်းခံရပါက ရွာသားများက တပ်မတော်ကို သတင်းပေးသည်ဟုစွပ်စွဲပြီး ၎င်းတို့ကို မထောက်ခံတဲ့ ကျေးရွာများကို ယခုကဲ့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ကျေးရွာသားများ အကြောက်တရားဖြစ်ပေါ်အောင် လုပ်ဆောင်လျက်ရှိပါတယ်။
ဇန် ၁၅ ရက်နေ့ကလည်း ပေါက်တောရှိ ၎င်းတို့အခြေပြုနေရာများ ဗုံးကြဲခံရပြီးနောက်မှာ စစ်တွေမြိုပေါ်ရှိ လူနေရပ်ကွက်များထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ AA အကြမ်းဖက်အဖွဲ့ကို ထောက်ခံသည့် ရခိုင်များရှိသလို ထောက်ခံခြင်းမရှိတဲ့ ရခိုင်များရှိတဲ့အတွက် ရခိုင်တိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသားများက တပ်မတော်ထံ ၎င်းတို့လှုပ်ရှားမှု သတင်းများအား ပေးပို့တာမျိုးလည်း ရှိပါတယ်။ ဒေသတည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ တိုင်းရင်းသား ပြည်သူများကတော့ AA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်တွေကို လက်ခံနိုင်ခြင်း မရှိတာကြောင့် တပ်မတော်အနေနဲ့ ထိရောက်စွာ ရှင်းလင်းဆောင်ရွက်နိုင်စေဖို့ အကြမ်းဖက်သမားများ အခြေပြုလှုပ်ရှားရာ နေရာများကို သတင်းပေးပို့ပြီး တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်ပါတယ်။
AA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်သူလူထု လွတ်မြောက်ရေး ဆိုပြီး မက်လုံးပေးကာ ရခိုင်လူငယ်များကို အကြမ်းဖက်သမားများအဖြစ် အသုံးချပြီး တိုက်ခိုင်းနေသော်လည်း ၎င်းတို့ကို ထောက်ခံအားပေးခြင်း မရှိတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားများအပေါ် အာဏာရှင်ဆန်ဆန် ယုတ်မာရိုင်းစိုင်းစွာ ပြုမူဆောင်ရွက်နေတဲ့ လုပ်ရပ်တွေကို မြင်တွေ့လာရပါတယ်။ တကယ့် အာဏာရှင်အစစ်က လူမျိုးရေးပဋိပက္ခဖန်တီးပြီး ငါနဲ့မတူ ငါ့ရန်သူလို သဘောထား လုပ်ဆောင်နေတဲ့ NUG, AA တို့လို အကြမ်းဖက်အဖွဲ့တွေဆိုတာကို ပြည်သူများကလည်း သဘောပေါက်လာကြပါပြီ။
ဒေါင်းနင်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment