ဇန်နဝါရီ - ၁၇ ( သောကြာနေ့ )
ဘရာဇီးလ်တိုက်စစ်မှူး နေမာက ၎င်း၏ PSG အသင်းဖော်ဟောင်း အမ်ဘတ်ပေ နဲ့ ပတ်သက်ပြီး ၂၀၂၁ ခုနှစ် သြဂုတ်လတုန်းက လီယွန်နယ်မက်ဆီ ပြင်သစ်ကလပ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာချိန်မှာ အမ်ဘတ်ပေ က မက်ဆီကို မနာလိုတွေ ဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။
ကမ္ဘာ့ဖလားဆုရှင် ဘရာဇီးသားရိုမာရီယို နဲ့ စကားစမြည်း စကားဝိုင်း အစီအစဉ်ရဲ့ ကြာသပတေးနေ့ ထုတ်လွှင့်ချက်မှာ ဆော်ဒီကလပ် အယ်လ်ဟီလယ်မှာ ဒဏ်ရာပြဿနာများ ကြုံတွေ့ခဲ့ရသည့် နေမာ ( ၃၂ နှစ် ) က “ဘတ်ပေ ရဲ့မနာလိုမှုက PSGအသင်းရဲ့ပွဲကြီးပွဲကောင်းတွေမှာ စွမ်းဆောင်ရည်ကျဆင်းခဲ့တယ်” လိုပြောခဲ့ပါတယ်။
ရီးယဲလ်မက်ဒရစ်ကို ဒီရာသီမှာ ပြောင်းရွှေ့ခဲ့တဲ့ အမ်ဘတ်ပေနဲ့ပတ်သက်ပြီး "စိတ်အနှောက်အယှက်ဖြစ်ခဲ့တာ ရှိခဲ့သလား" လို့ ရိုမာရီယိုရဲ့ မေးမြန်းမှုကို နေမာက သူ့ရဲ့မှတ်ချက်ကို ထုတ်ပြောခဲ့တာပါ။ "အများကြီးတော့ မဟုတ်ပါဘူး၊ ကျနော်က သူနဲ့အတူရှိနေခဲ့ပါတယ်၊ ကျနော်တို့ နည်းနည်းတော့ ရန်ဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် သူရောက်လာတဲ့အခါ ငါတို့အတွက် အခြေခံပဲ။ သူ့ကို ရွှေသားလေးလို့ ခေါ်ခဲ့ဖူးတယ်" ဟု နေမာက ပြောပါတယ်။
"ကျွန်တော် သူနဲ့ အမြဲကစားခဲ့တယ်၊ သူက အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်မယ် လို့ ပြောခဲ့တယ်။ ကျွန်တော် အမြဲတမ်း ကူညီခဲ့တယ်၊ သူနဲ့ စကားပြောခဲ့တယ်၊ သူ ကျွန်တော့်နေရာကို လာခဲ့တယ်၊ ကျွန်တော် တို့ ညစာ အတူစားခဲ့ပါတယ်” လို့ နေမာက ဘတ်ပေးနဲ့ ပတ်သက်ပြီး ပြောပါတယ်။
"ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ လက်တွဲမှု နှစ်တွေ ရှိခဲ့ပေမယ့် မက်ဆီ ရောက်လာပြီးနောက်မှာတော့ သူက အနည်းငယ် မနာလိုဖြစ်ခဲ့ပါတယ်။ သူက ကျွန်တော့်ကို ဘယ်သူနဲ့မှ မတွဲစေချင်ခဲ့ပါဘူး၊ ပြီးတော့ ရန်ဖြစ်တာတွေရှိလာတယ်၊ အပြုအမူတွေ ပြောင်းလဲလာခဲ့ပါတယ်" လို့ ဆိုပါတယ်။ အမ်ဘတ်ပေ က ၂၀၁၇မှာ မိုနာကိုကနေ PSG သို့ ပြောင်းရွှေ့လာခဲ့ပြီး ထိုနှစ်တွင်ပင် နေမာသည် ဘာစီလိုနာမှ PSG ကလပ်သို့ စံချိန်တင်ပြောင်းရွှေ့မှုနဲ့ ရောက်လာခဲ့တာပါ။
REF - ESPN
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment