ရွှေသောင်ယံမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေသောင်ယံမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ




ရွှေသောင်ယံ,  ဇန်နဝါရီ ၂


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်(၈)နာရီခွဲအချိန်က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို (အ.ထ.က) ရွှေသောင်ယံရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ လိုက်လံဖြန့်ဝေခဲ့ကြကြောင်း သိရသည်။


လက်ကမ်းစာစောင်တွင် သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာအဖြစ် မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊ ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်ခေါင်းစဉ်ဖြင့် (၁၉၄၈ခုနှစ် ဇန်နဝါရီလ(၄)ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နှုတ်ချက်)၊ အေးအတူပူအမျှ ခေါင်းစဉ်ဖြင့် (၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ရွှေတိဂုံစေတီ အလယ်ပစ္စယံ၌ကျင်းပသော ဖဆပလ ညီလာခံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နှုတ်ချက်) ဘိုမျိုး(ရွှေဘို၏ မွှေးမြပွင့်လန်း လွတ်လပ်ရေးပန်းကဗျာ ၊ အသက်တမျှ အရေးကြီးသည့် လွတ်လပ်ရေးခေါင်းစဉ်ဖြင့် (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၄-၁-၂၀၂၄)ရက်နေ့ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှကောက်နှုတ်ချက် စသည်ဖြင့် သတင်းစကားလက်ကမ်းစာစောင်တွင် လွတ်လပ်ရေးနှင့်သက်ဆိုင်သော နိုင်ငံတော်အကြီးအကဲများ၏ အဆိုအမိန့်များနှင့် ဗဟုသုတရဖွယ်များ ဖော်ပြထားသည်။


ရွှေသောင်ယံ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)