သဲကုန်း​မြို့နယ်တွင် လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား နယ်လှည့်ဆေးကုသယာဉ်ဖြင့် (အခမဲ့) ကွင်းဆင်းဆေးကုသပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်း​မြို့နယ်တွင် လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား နယ်လှည့်ဆေးကုသယာဉ်ဖြင့် (အခမဲ့) ကွင်းဆင်းဆေးကုသပေး



သဲကုန်း၊ ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လူမှုဖူလုံရေးအဖွဲ့ ဆေးကုသယာဉ် (MOBILE MEDICAL UNIT) ဖြင့် ကွင်းဆင်း၍ ယနေ့နံနက် (၉) နာရီအချိန်က ပုတီးကုန်းမြို့ အောင်နိုင်ရိုးမသစ္စာ (ANYT Co.Ltd) ကုမ္ပဏီလီမိတက်တွင် သဲကုန်းမြို့နယ်အတွင်းရှိ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား (အခမဲ့) ကျန်းမာရေးစစ်ဆေးမှုများနှင့် ဆေးကုသမှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူမှုဖူလုံရေးအဖွဲ့ဆေးကုသယာဉ် (MOBILE MEDICAL UNIT) နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ​သုခမင်္ဂလာရောဂါရှာဖွေရေးမှ တာဝန်ရှိကျန်းမာရေး ဝန်ထမ်းများနှင့် ပေါင်းတည်မြို့ လူမှုဖူလုံရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းပြီး သဲကုန်း​မြို့နယ်အတွင်းရှိ အလုပ်ဌာန (၁၂၀) ဌာနမှ မြို့နယ်လူမှုဖူလုံရေးရုံးအကျုံးဝင် မှတ်ပုံတင်ထားသည့် အာမခံလုပ်သားများအား ဓာတ်ခွဲစစ်ဆေးမှုများ၊ နှလုံးအတွက် ECG စစ်ဆေးခြင်းများ၊ ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်ခြင်း၊ ကျန်းမာရေးစစ်ဆေးမှုတို့ ပြုလုပ်ခြင်းတို့နှင့်အတူ လိုအပ်သော ဆေးဝါးများ ထောက်ပံ့ကုသပေးခြင်း၊ ပြသသောအာမခံလုပ်သား၏ ကျန်းမာရေးပေါ်မူတည်၍ စစ်ဆေးစောင့်ကြည့်လမ်းညွှန်ကုသခြင်း များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကိုကျော်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)