ကသာမြို့၌ ပြာသိုလပြည့် (အမေများ)နေ့တွင် စတုဒီတာကျွေးမွေးလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာမြို့၌ ပြာသိုလပြည့် (အမေများ)နေ့တွင် စတုဒီတာကျွေးမွေးလှူဒါန်း



ကသာ၊ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ပြာသိုလပြည့် (အမေများ)နေ့ စတုဒီတာကျွေးမွေးလှူဒါန်းခြင်းဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကသာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်တို့တွင် အလှူရှင်များစုပေါင်း၍ ကြာဇံချက်၊ မုန့်ဟင်းခါး၊ ထမင်းနှင့် ရိုးရာအစားအစာတို့ကို ရပ်ကွက်အလိုက် ကျွေးမွေးလှူဒါန်းခြင်းဖြင့် ကုသိုလ်ယူကာ ဒေသခံပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ၊ ခရီးသွားပြည်သူများများ အေးချမ်း‌ပျော်ရွှင်စွာ အားပေးသုံးဆောင်ခဲ့ကြကြောင်း သိရသည်။

ကသာမြို့၌ နေ့ထူး၊ နေ့မြတ်များတွင် တစ်ဦးတည်းအလှူရှင်များ၊ အသင်းအဖွဲ့များ၊ အလှူရှင်များစုပေါင်း၍ ကုသိုလ်အလှူဒါနများအဖြစ် စတုဒီတာများကို စဉ်ဆက်မပြတ် ကျွေးမွေးကြလျက်ရှိကြောင်း သိရသည်။


ရဲလင်းထွန်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)