ကျိုက်မရော၊ ဇန်နဝါရီ ၁၃
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ နှစ်စဥ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ်ဆွမ်းကြီးလောင်းပွဲတော်ကြီးကို ယနေ့နံနက် ၇ နာရီအချိန်က ကျိုက်မရောမြို့ပြည်သူ့ဆေးရုံရှေ့မှစတင်ကာ ဆုတောင်းပြည့်ဘုရားကြီးရှေ့မဏ္ဍပ်ထိ ကျင်းပခဲ့သည်။
အဆိုပါ မြို့လုံးကျွတ်ဆွမ်းကြီးလောင်းပွဲတော်ကြီးကို နှစ်စဥ်နှစ်တိုင်းရိုးရာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့သည်မှာ ယခုနှစ်၌ (၄၄) ကြိမ်မြောက် ပြည့်ခဲ့ပြီးဖြစ်ရာ ယခင်နှစ်များကထက် ပိုမိုစည်ကားလျက်ရှိရာ မြို့နယ်အတွင်းရှိ စေတနာရှင်အလှူရှင်များ၊ ရပ်ဝေးမှလာရောက်ဆွမ်းလောင်းလှူကြသော စေတနာရှင်များဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ယနေ့ကျင်းပပြုလုပ်ခဲ့သော မြို့နယ်လုံးကျွတ် ဆွမ်းကြီးလောင်းပွဲတော်သို့ ကျိုက်မရောမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော် အပါး (၆၀၀) နှင့် သီလရှင် ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်စိမ်းအပြင် အိမ်သုံးပစ္စည်းမျိုးစုံနှင့် စာရေးတန်မဲများ မီးဖိုချောင်သုံးသီးနှံများနှင့် လှူဖွယ်ဝတ္ထုများကို မြို့သူမြို့သားများက စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် လောင်းလှူကြရာ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ယနေ့ညပိုင်းတွင် ဆွမ်းကြီးလောင်းလှူပွဲ အထိမ်းအမှတ်အနေဖြင့် နာမည်ကြီးဇာတ်ပွဲများဖြင့် ဆုတောင်းပြည့် ဘုရားကြီးဝင်းရှိဇတ်ရုံ၌ အခမဲ့ကပြဖျော်ဖြေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment