တောင်ကြီးမြို့၌ စျေးများ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့၌ စျေးများ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်





တောင်ကြီး၊ ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စျေးပိုင်းရပ်ကွက်ရှိ မြို့မစျေးကြီး၌ ယနေ့ နံနက် ၉ နာရီက မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မီးဘေးအသိပညာပေးခြင်းများ ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်မှုများကို တောင်ကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်သန်းက စျေးသူ/စျေးသားများနှင့် ဒေသခံပြည်သူများအား မီးလောင်မှုအခြေခံသဘောတရားများ၊ မီးသတ်ဆေးဘူးကိုင်တွယ် အသုံးပြုပုံများနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှုး ဦးမြင့်သန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စျေးတာဝန်ခံ ဦးခင်အေးနှင့်ဝန်ထမ်းများ၊ စျေးသူ/စျေးသားများက  မီးလောင်မှုဖြစ်ပွားခြင်းအမျိုးမျိုးတို့ကို မီးသတ်ဆေးဘူးများ၊ မီးငြိမ်းသတ်အကူပစ္စည်းများဖြင့် ငြိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြသပြီး တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကာ သိလိုသမျှမေးမြန်းမှုများကို မြို့နယ်မီးသတ်ဦးစီးမှူးမှ ဖြေကြားခဲ့သည်။

ဆက်လက်၍ စျေးများ မီးလောင်မှုဖြစ်ပွားပါက အလျင်အမြန် မီးငြိမ်းသတ်နိုင်ရေးအတွက် နေရာယူခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုခြင်း၊ ရေဖျန်းခြင်းများကို လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခဲ့သည်။အလားတူ စဝ်စံထွန်းရပ်ကွက်ရှိ စဝ်စံထွန်းစျေး၌လည်း မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုများကို ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး တောင်ကြီးခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်မှူး ဦးမျိုးဇင်ဝင်း၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ စျေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ စျေးသူစျေးသားများ တက်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)