မိုင်းတုံ၊ ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် အ.ထ.က မိုင်းတုံတွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ယနေ့နံနက်ပိုင်းက အ.ထ.က မိုင်းတုံ စာသင်ကျောင်းခန်း၌ စာကျက်ဝိုင်းများဆောင်ရွက်၍ အနီးကပ်ကြီးကြပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ ကျောင်းအကျိူးဆောင်အဖွဲ့များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ ကျောင်းသူ/ သား မိဘပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက ဒီနေ့ပြုလုပ်ရတဲ့ အစည်းအဝေးသည် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ခေါ်ယူရခြင်းဖြစ်ကြောင်း၊ G-12 ကျောင်းသား/ သူများကို ညကျောင်းခေါ်ယူ၍ စာကျက်ဝိုင်းများကို အနီးကပ်ကြီး ကြပ်လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း ညစာဖတ်ဝိုင်းတွင် ကျက်မှတ်သည့်ဆရာ / ဆရာမများ၊ ကျောင်းသား/ သူများ မအိပ်ငိုက်အောင် ညလယ်စာအဖြင့် အစာအာဟာရများကို စာမေးပွဲမဖြေခင်အထိ နေ့တိုင်းဌာနဆိုင်ရာများက အလှည့်ကျ ဆောင်ရွက်ပေးသွားမှာဖြစ်သည့်အတွက် ကျောင်းသားမိဘများကို အခြားအလှူရှင်များပါ လာရောက်၍ အာဟာရများ ဒါနပြုနိုင်ပါကြောင်း စသဖြင့် အဖွင့်အမှာစကား ပြောကြားပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်က စာကျက်ဝိုင်းများကို ၂၀-၁-၂၀၂၅ ရက်နေ့ ည ၆:၃၀ အချိန်မှစ၍ အနီးကပ်ကြီးကြပ်သွားမည်နှင့်လိုအပ်သည်များကို အကျယ်တဝန်း ဆွေးနွေးသည်။ ဆက်လက်၍ ကျောင်းအကျိူးဆောင်နှင့် မိဘများကလည်း လိုအပ်ချက်များကို ဝိုင်းဝန်းဖြေစည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြား၍ အခမ်းအနားကို နံနက် ၁၀:၄၅ မိနစ် အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment