မြဝတီမြို့ အ.ထ.က(၃)၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့ အ.ထ.က(၃)၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ




 မြဝတီ၊ ဇန်နဝါရီ ၁၂

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်းဝင်း၌ ကျင်းပခဲ့သည်။

ဦးစွာ ဖိတ်ကြားထားသော ဧည့်သည်တော်များက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး Grade-8 မှ ကျောင်းသား၊ ကျောင်းသူလေးများက “တို့ရဲ့စုံညီပွဲ”  တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပေးသည်။ ထို့နောက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် (၂) ဦးစိန်သောင်းနှင့် ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦးတို့က အမှာစကားပြောကြားပေးပြီး အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးညီညီအောင်က စုံညီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပေးခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပခဲ့ရာ နိုင်ငံတော်အဆင့်ပညာတန်ဆောင်‌ဆောင်းပါးပြိုင်ပွဲ တတိယဆု၊ ပညာရည်ချွန်ဆုများ၊  မြို့နယ်အဆင့် လူရည်ချွန်ဆုများ၊ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊  အက၊ အရေး၊ အတီးပြိုင်ပွဲဗဟို/ပြည်နယ်အဆင့် ကဗျာလွတ်အက ရွှေတံဆိပ်ဆုရရှိသူများ၊ ပြည်နယ်/မြို့နယ် အဆင့်(၁၀-၁၅)၊(၁၅-၂၀)အမျိုးသား/အမျိူးသမီး အဆို/အက ရွှေတံဆိပ်၊ ငွေတံဆိပ်ဆုရရှိသူများ၊ (၁၀၄)နှစ် မြောက်အမျိူးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြည်နယ်/မြို့နယ်အဆင့် ပြိုင်ပွဲအလိုက်ဆုရရှိသူများ၊ နိုင်ငံတော်အဆင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲဂုဏ်ပြုဆုရရှိသူ၊ ပြည်နယ်/မြို့နယ်အဆင့်  စွမ်းရည်ပြိုင်ပွဲဆုရရှိသူများ၊  မြို့နယ်အဆင့် အထိမ်းအမှတ်နေ့အလိုက် ဆုရရှိသူများ၊ မြို့နယ်အဆင့်ဘင်ခရာပြိုင်ပွဲဆုရရှိသူ၊ ကျောင်းပေါင်းစုံ   ဘော်လီဘောနှင့် ဘောလုံး အားကစားပြိုင်ပွဲဆုရရှိသူများ၊  မြို့နယ်အဆင့်  ကြက်ခြေနီသင်တန်း ထူးချွန်ဆုများနှင့် Grade အလိုက် A အဆင့်ရရှိသူများအား  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)  ဦးစိန်သောင်း၊ ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦး၊ ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်း  တည်ထောင်သူ   မြို့မိ၊ မြို့ဖ  ဦးသန်းရွှေ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ကျောင်းအကျိုးတော်ဆောင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များက ဆုများချီးမြှင့်ပေးသည်။

ဆက်လက်ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီးနောက် Grade-10 နှင့် 11 တို့မှ ကျောင်းသား၊ ကျောင်းသူများက“ဇာတိမာန်” တေးသီချင်းဖြင့် ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။


ဇာဖြူဝင်း(မြဝတီ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)