ကြံခင်းမြို့နယ်(အ.ထ.က)ချင်းမြောင်ကျောင်းတွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်(အ.ထ.က)ချင်းမြောင်ကျောင်းတွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲကျင်းပ


ကြံခင်း၊ ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထကချင်းမြောင်ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက အဆိုပါကျောင်း ပညာရတနာခန်းမတွင်ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ (အ.ထ.က) ချင်းမြောင်ကျောင်းမှ ကျောင်းသား/သူများက“ကမ္ဘာ့အဆင့်မှီ ပညာရည်” သီချင်းဖြင့်အခမ်းအနားသီဆိုဖွင့်လှစ်ပြီးနောက်၊ ၅၂၈ လူငယ်ဖွံ့ဖြိုးရေးပရဟိတ ကျောက်တိုင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဒေါက်တာပညာနန္ဒက ပညာတတ်လူငယ်များစွာ ပေါ်ထွန်းလာစေရေးအတွက် ပံ့ပိုးပေးသလို ယခုလိုဂုဏ်ပြုချီးမြှင့်ပွဲများကျင်းပခြင်းကိုအားပေးပါကြောင်း အဖွင့်စကားမိန့်ကြားပြီးနောက်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးဝင်းလှိုင်က ပညာရေးဖြင့် ခေတ်မီဖွံဖြိုးတိုးတက်သောနိုင်ငံတော်ကြီး တည်ဆောက်နိုင်ရေးအနာဂတ်မျိုး ဆက်သစ်သားကောင်းရတနာများစွာ ပေါ်ထွက်လာအောင် လမ်းပြပေးတဲ့ပွဲဖြစ်သဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။

ထို့နောက်(အ.ထ.က) ချင်းမြောင်ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီးနောက်၊   ဆုချီးမြှင့်ပွဲ ကျင်းပရာ  စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌(ထက်ဆင့်) ကျပန်း စကားပြောပြိုင်ပွဲတွင် ဒုတိယဆုရ (Grade-10) မှကျောင်းသူမခိုင်ဇင်ဇင်သက် အားလည်းကောင်း၊ တိုင်းအဆင့်ပန်းချီပြိုင်ပွဲတွင် ဒုတိယဆုရ(Grade-5) ကျောင်းသူမအိမ့်မြတ်မှူးခင်နှင့်  မီတာ(၃၀၀) အပြေးပြိုင်ပွဲတွင် တတိယဆုရ (Grade9)ကျောင်းသူ မခိုင်နှင်းဝေတို့အားလည်းကောင်း၊ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော (၁)ဘာသာဂုဏ်ထူးရှင်(၃)ဦးနှင့် ဂုဏ်ထူးရအောင်သင်ကြားပေးသော ဆရာ/ဆရာမ (၁၂)ဦး တို့အားလည်းကောင်း၊ မြို့နယ်အဆင့်ကာယ၊ ဉာဏပြိုင်ပွဲဆု(၂၆)ဆုအားလည်းကောင်း၊ ကျောင်းတွင်း ကာယပြိုင်ပွဲဆု(၅၉)ဆုနှင့် ဉာဏပြိုင်ပွဲဆု(၈၆)ဆုတို့ကို တာဝန်ရှိသူအသီးသီးက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက်(အ.ထ.က)ချင်းမြောင် ကျောင်းသား/သူများက ပဒေသာကပွဲများဖြင့် ဖျော်ဖြေကပြခဲ့ကြသည်။

အခမ်းအနားသို့ (၅၂၈)လူငယ်ဖွံ့ဖြိုးရေးပရဟိတ  ကျောက်တိုင် ကျောင်းတိုက်ဆရာတော် ဒေါက်တာပညာနန္ဒ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်တာဝန်ရှိသူများ၊ (အ.ထ.က)ချင်းမြောင် ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးမင်းနှင့် ဆရာ/ဆရာမများ၊ ဆုရကျောင်းသား/ သူများ နှင့်မိဘအုပ်ထိန်းသူများ တက်ရောက်ကြောင်းသိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)