ချောက်မြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောက်မြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ





ချောက်၊ ဇန်နဝါရီ ၁၂

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊  ချောက်မြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြရိပ်ညိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ အ.ထ.က(၄)ကျောင်းသား/သူလေးများမှ “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်​ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌မိုးဇော်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။  ၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၊ တိုင်း/ခရိုင်ပြိုင်ပွဲ အသီးသီးတွင် ဆုရရှိသူများ၊ လူရည်ချွန်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီ၊ပိုစတာ၊ ကဗျာပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌မိုး‌ဇော်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီးကျောင်းသား၊ ကျောင်းသူများက မင်္ဂလာပါ၊ ထာဝရသစ္စာ၊ ကသောလှသောအနုပညာ၊ ယိမ်းသမလေး၊ ဗိုလ်ရှုသဘင်တေးသီချင်းသရုပ်ဖော်အကများ၊ ဆိုင်းတစ်ကိုယ်တော်လက်စွမ်းပြတီးခတ်ခြင်း၊ တစ်ကိုယ်တော်အကဖြင့် ကပြသီဆိုဖျော်ဖြေ ခဲ့ကြသည်။

ထို့နောက် မြို့နယ်ပညာရေးမှူးဦးသန်းမြိုင်က  ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အ.ထ.က(၁) ကျောင်းသား/သူလေးများမှ “ပြည်မြန်မာ” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားတွင် ကာယဆု ၇၂ ဆု၊ ဥာဏဆု၁၀၂ဆု၊ ရသ ဆု၆ဆု၊ တက္ကသိုလ်ဝင်ဆုအဖြစ် ၃ ဘာသာဂုဏ်ထူးရှင်၁ဦး၊ ခရိုင် အဆင့် Clean  and  Green‌   ကျောင်းဆု ၂ ဆု   စုစုပေါင်းဆု ၁၈၃ဆုချီးမြှင့်ခဲ့ကြောင်းသိရသည်။         

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌မိုး‌ဇော်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ စုစုပေါင်း ၄၀၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ကျော်မိုး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)