ပခုက္ကူ၊ ဇန်နဝါရီ ၁၂
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၏ ၂၀၂၄ ပညာသင်နှစ်၊ အဝေးသင်သင်တန်း (တတိယအကြိမ်) ဘွဲ့နှင်းသဘင်အခမ်းအနားကို အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့ နံနက် ၉ နာရီ အချိန်က ဆက်လက်ကျင်းပသည်။
အခမ်းအနားတွင် ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ၂၀၂၄ ပညာသင်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သော အဝေးသင်သင်တန်းစာမေးပွဲများ၌ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ဘွဲ့ရမောင်မယ် ကျောင်းသား၊ ကျောင်းသူ(၁၅၅)ဦးတို့အား ဘွဲ့များ အသီးသီးအပ်နှင်းသည်။
အဆိုပါဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြကြောင်း သိရသည်။
ဘာမီသာ
Join - https://t.me/MyanmarNationalPost




No comments:
Post a Comment