ကျနေတဲ့ ဟောလီးဝုဒ်ကို ဆွဲတင်ဖို့ သံတမန် ၃ ဦးကို ထရမ့်ခန့်အပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျနေတဲ့ ဟောလီးဝုဒ်ကို ဆွဲတင်ဖို့ သံတမန် ၃ ဦးကို ထရမ့်ခန့်အပ်


ဇန်နဝါရီ - ၁၇ ( သောကြာနေ့ ) 

ကိုဗစ်ကာလ ပြီးကတည်းက အရည်အသွေးပိုင်းရော၊ စီးပွားရေးပိုင်းပါ ကျဆင်းနေတဲ့ ဟောလီးဝုဒ် ရုပ်ရှင်လုပ်ငန်းကို ပြန်လည်ဆွဲတင်နိုင်ဖို့အတွက် ဟောလီးဝုဒ် ဂန္ထဝင်မင်းသားကြီးတွေဖြစ်တဲ့ ဂျွန်ဗွိုက်၊ မဲလ်ဂစ်ဆင် နဲ့ ဆီဗတ်စတာ စတားလုံး တို့ကို သံတမန်အဖြစ် သမ္မတလောင်းဒေါ်နယ်ထရမ့်က ခန့်အပ်လိုက်ပါတယ်။ 

"သူတို့ဟာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ နေရာတစ်ခုဖြစ်တဲ့ ဟောလီးဝုဒ်ရဲ့ အထူးသံတမန်တွေအဖြစ် ကြေညာရတာ ဂုဏ်ယူပါတယ်" လို့ ထရမ့်က ၎င်းရဲ့ Truth Social platformတွင် ကြာသပတေးနေ့က ရေးသားခဲ့ပါတယ်။

သူတို့က ပြီးခဲ့တဲ့ လေးနှစ်အတွင်း နိုင်ငံခြားတိုင်းပြည်တွေဆီ ဆုံးရှုံးခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းများစွာကို  ဟောလိဝုဒ်ကို ပြန်ယူဆောင်လာဖို့ ရည်ရွယ်ချက်နဲ့ ကျနော့်အတွက် အထူးသံတမန်တွေအဖြစ် ထမ်းဆောင်ကြပါလိမ့်မယ်။ ပြီးတော့ သူတို့က ရုပ်ရှင်လောကတွင် ကျနော့်ရဲ့  “မျက်စိနှင့်နား” အဖြစ် ဆောင်ရွက်သွားမှာပါ” လို့ ဆိုပါတယ်။

ယခင်က မရှိခဲ့ဖူးသော အဲ့ဒိရာထူးမှာ ဘာအခွင့်အရေး နဲ့ အခွင့်အလမ်းတွေ ရှိမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပေ။ သို့သော်လည်း သရုပ်ဆောင် သုံးဦးစလုံးက ထရမ့်ကို ထောက်ခံသူများဖြစ်ပြီး ၎င်းတို့က ဒီမိုကရက်တစ် တွေကြီးစိုးနေတဲ့ ရုပ်ရှင်လုပ်ငန်းမှာ အလုပ်အကိုင်နည်းစေပါတယ်။ 

ဗွိုက်က ထရမ့်ရဲ့ ပထမ သမ္မတသက်တမ်းအတွင်းကတည်းက ထောက်ခံခဲ့သူဖြစ်ပါတယ်။  ၂၀၁၉ခုနှစ်တွင်  သမ္မတ ထရမ့်ထံမှ National Medal of Arts ( အမျိုးသားအနုပညာဆု ) ကို ရရှိခဲ့ပါတယ်။ Gibson ဂစ်ဘ်ဆင်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်မီမှာ ထရမ့် ကို ထောက်ခံပြီး ထရမ့်ရဲ့ပြိုင်ဘက် ဒုသမ္မတကာမလာ ဟာရစ် “ ခြံစည်းရိုးခွထိုင်တဲ့ နေရာမှာ သူမတူတဲ့မိန်းမ” လို့ ပြောဆိုခဲ့ပါတယ်။ စတားလုံးကတော့ ရွေးကောက်ပွဲပြီးနောက် ထရမ့်ရဲ့မာအာလာဂို အိမ်ရာတွင် ထရမ့်နဲ့တွေ့ဆုံခဲ့ပြီး သူ့ကို  "တကယ် ဒဏ္ဍာရီဆန်ဆန် ဇာတ်ကောင်" နှင့် "ဒုတိယမြောက် ဂျော့ခ်ျဝါရှင်တန်" အဖြစ် ချီးကျူးပြောဆိုခဲ့ပါတယ်။ 

နိုင်ငံခြားတိုင်းပြည်များမှ ပြိုင်ဆိုင်မှုများနှင့် streaming ဝန်ဆောင်မှုများက ဟောလီဝုဒ်ကို အမြတ်အစွန်းများ ကျဆင်းသွားစေကာ ဒစ္စနေ၊ ဝါနားဘရားသား၊ ဒစ္စကာဗာရီ၊ ပါရာမောင့် နဲ့ အန်ဘီစီ ယူနီဗာဆယ်တို့ အပါအဝင် စတူဒီယိုအများအပြား က ကျဆင်းနေသောအခြေအနေမှာ နစ်မွန်းနေခဲ့ရပါတယ်။

ProdPro နှင့် Film LA တို့မှ ကိန်းဂဏန်းများအရ ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်တွင် အမေရိကားရဲ့ ရုပ်ရှင်လုပ်ငန်း ထုတ်လုပ်မှုအရေအတွက်သည် ၂၀၂၂ ခုနှစ် အလားတူကာလထက် ၄၀% ကျဆင်းခဲ့ပြီး ယမန်နှစ် တတိယသုံးလပတ်တွင် နောက်ထပ် ၅ % ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ Variety ၏အဆိုအရ US Box Office သည် ယမန်နှစ်တွင် ကန်ဒေါ်လာ ၈.၇ ဘီလီယံအထိ ကျဆင်းသွားပြီး ၂၀၂၃  ခုနှစ်တွင် ၃.၃ % ကျဆင်းသွားကာ ၂၀၁၉ ခုနှစ်ထက် ၂၃.၅ % ကျဆင်းသွားကြောင်း  သိရပါတယ်။


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)