ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်မှ ရာအိမ်မှူးကို အကြမ်းဖက်သမားများက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်မှ ရာအိမ်မှူးကို အကြမ်းဖက်သမားများက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်


မန္တလေး၊ ဇန်နဝါရီ ၂၆

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊အောင်သာယာရပ်ကွက် အကွက်မှုးဖြစ်သူ ဦးဝင်းဦး အား ၂၆-၁-၂၀၂၅ ရက်နေ့ ၁၁:၁၅ အချိန်ခန့်တွင် အကြမ်းဖက်သမားများက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဦးဝင်းဦး(ရာအိမ်မှုး)သည် အောင်ကျော်စိုး ကွမ်းယာဆိုင်၌ ကွမ်းထုပ်ပြီး ခုံတန်း၌ ထိုင်နေစဉ် 110 ဆိုင်ကယ်ဖြင့် အမျိုးသား ၂ဦးသည် ၄၅ လမ်းအတိုင်း တောင်မှမြောက်သို့မောင်းလာပြီး ၄၅လမ်းနှင့် ၁၀၇ လမ်းထောင့် အရောက်တွင် ကွမ်း ယာဆိုင်ထိုင်ခုံ၌ ထိုင်နေသည့် ဦးဝင်းဦး အား သေနတ်ဖြင့် ဆိုင်ကယ်နောက်မှထိုင်လိုက်လာသောသူ က ပစ်ခတ်ခဲ့ရာ ဦးဝင်းဦးတွင် ယာဘက်လည်ပင်းမှ ဝဲဘက်လည်ပင်းပေါက်ထွက် ဒဏ်ရာ ၁ချက်ရရှိခဲ့ပြီး၊ ၎င်းနှင့် အတူထိုင်နေသည့် သူရိန်ဝင်း(ခ)ပြေကြီးတွင် ယာဘက်ပုခုံး ဖောက်ဝင်ဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

ထိမှန်ဒဏ်ရာရရှိသူ ၂ဦးအား မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ၁၁:၃၀ အချိန်တွင် ဦးဝင်းဦး(အ ကွက်မှုး)မှာ ရရှိ ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး သူရိန်ထွန်း(ခ)ပြေကြီးမှာ ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။


#MNP #News #Mandalay

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)