နိုင်ငံ့ဝန်ထမ်း အိမ်ရာများနှင့် အငြိမ်းစားဝန်ထမ်းအိမ်ရာများ၌ အပတ်စဉ် အခြေခံစားသုံးကုန်နှင့် အသား/ ငါး/ဥ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့ဝန်ထမ်း အိမ်ရာများနှင့် အငြိမ်းစားဝန်ထမ်းအိမ်ရာများ၌ အပတ်စဉ် အခြေခံစားသုံးကုန်နှင့် အသား/ ငါး/ဥ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ

 








ပဲခူး၊ ဇန်နဝါရီ ၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ အစီအစဉ်ဖြင့် နိုင်ငံ့ဝန်ထမ်း အိမ်ရာများနှင့် အငြိမ်းစားဝန်ထမ်း အိမ်ရာများ၌ အပတ်စဉ် အခြေခံစားသုံးကုန်နှင့် အသား/ ငါး/ဥ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာ စွာဖြင့် ရောင်းချပေးနေမှုအား ဇန်နဝါရီလ(၆)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လိုက်လံကြည့်ရှုအားပေးခဲ့သည်။

 ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရှင်စောပုဝန်ထမ်းအိမ်ရာသို ရောက်ရှိခဲ့ ရာ ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတိုအား လက်လီအဆင့်ဆင့်မရှိဘဲ တိုက်ရိုက်ဈေးနှုန်းဖြင့် ရောင်းချနေမှု နိုင်ငံ့ဝန်ထမ်းများမှ ဝယ်ယူနေမှုတိုအား ကြည့်ရှုအားပေးခဲ့ပြီး ဝန်ထမ်း အိမ်ရာများတွင်သာမက အခြေခံစားသုံးကုန်များအား ရပ်ကွက်များအတွင်းသိုလည်း Mobile Shop များ ဖြင့် ရောင်းချပေးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲဝင် ဝန်ကြီးများနှင့်အတူ ဘုရင့်နောင် ဝန်ထမ်းအိမ်ရာသို ရောက်ရှိခဲ့ပြီး နိုင်ငံဝန်ထမ်းများအား ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတိုအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အခြေခံ စားသုံးကုန်များနှင့် အသား/ငါး/ဥ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး စိစစ် ကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၏ အစီအစဉ်ဖြင့် ဆန်(၁)ပြည်လျှင်(၃၀၀၀)ကျပ်၊ ဆီ(၁)ပိဿာလျှင် (၈၆၀၀)ကျပ်၊ ဝက်သား(၁)ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ ကြက်သား(၁)ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ ငါး(၁) ပိဿာလျှင်(၅၀၀၀)ကျပ်နှင့် ကြက်ဥ(၁)လုံးလျှင်(၃၅၀)ကျပ်နှုန်းတိုဖြင့် ရောင်းချပေးလျက်ရှိပြီး တိုင်းဒေသကြီး အတွင်းရှိ မြိုနယ်(၂၈)မြိုနယ်ရှိ မြိုမဈေးများတွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ် သူများ တိုက်ရိုက် အရောင်းဆိုင်များတွင်လည်း အခြေခံစားသုံးကုန်နှင့် အသား/ငါး/ဥတိုအား ၂၀၂၃ ခုနှစ်၊ ဇွန်လ(၆)ရက်နေ့မှ စတင်၍ နေ့စဉ်ပိတ်ရက်မရှိ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)