YBS 133 ယာဉ်လိုင်းတွင် ယာဉ်အစီးရေ ၁၀ စီးထပ်မံတိုးချဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

YBS 133 ယာဉ်လိုင်းတွင် ယာဉ်အစီးရေ ၁၀ စီးထပ်မံတိုးချဲ့


ရန်ကုန်၊ ဇန်နဝါရီ ၆

ရန်ကုန်မြိုအတွင်းပြေးဆွဲလျက်ရှိသည့် YBS 133 ယာဉ်လိုင်းတွင် ယနေ့ (ဇန်နဝါရီ ၆ ရက်)မှစ၍ ယာဉ်အစီးရေ ၁၀ စီးထပ်မံတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း အဆိုပါခရီးသည်ယာဉ်လိုင်းထံမှ သိရသည်။

YBS 133 ယာဉ်လိုင်းမှာ ပြည်စံသူခရီးသည်သယ်ယူပိုဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ လီမိတက်မှပြေးဆွဲသည့်ယာဉ်လိုင်းဖြစ်ပြီး ဒဂုံဆိပ်ကမ်းမြိုနယ်ရှိ အမျိုးသားကင်ဆာဆေးရုံမှနေ့စဉ် ယာဉ်အစီးရေ ၁၀ စီးဖြင့် စတင်ပြေးဆွဲမည်ဖြစ်ကြောင်းသိရသည်။

ဒဂုံဆိပ်ကမ်း(အမျိုးသားကင်ဆာဆေးရုံ)ဂိတ်ရင်း - စစ်တောင်းရိပ်မွန် - ယုဇနမုခ်ဦး-ပိတောက်ကွေ့-ကျွန်းရွှေဝါလမ်း-ယုဇနအဝိုင်း-ပုဏ္ဏမီလမ်းအထိ၊ ထိုမှတစ်ဆင့် ပဲခူးမြစ်လမ်း (အိုးအိမ်မှတ်တိုင်)မှ မူလလမ်းကြောင်းများဖြစ်သည့် သိမ်ကျောင်းလမ်းဆုံ-ဆောက်လုပ်ရေး-ကွေ့မ- တိုင်းရင်းသားကျေးရွာ-သာကေတအဝိုင်း-ကျောက်တိုင်-(၁)ဈေးကွေ့-ဒေါပုံသင်္ဘောကျင်း-လမ်း(၅၀) -အနော်ရထာလမ်း-လသာ-ရန်ကုန်ပြည်သူ့ဆေးရုံကြီး-ဗိုလ်ချုပ်ဈေး-ဆူးလေ-မဟာဗန္ဓုလလမ်း အတိုင်းပြေးဆွဲမည်ဖြစ်ကြောင်း ပြည်စံသူခရီးသည်သယ်ယူပိုဆောင်ရေးယာဉ်လိုင်းက အသိပေးထုတ်ပြန်ထားသည်။

ပြည်စံသူခရီးသည်သယ်ယူပိုဆောင်ရေး၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ YBS 133 ၊ YBS 134 ၊ YBS 135 ၊ YBS 136 ၊ YBS 138 ၊ YBS 139 ၊ YBS 142 ၊ YBS 144 ၊ YBS 84 နှင့် YBS 111 အစရှိ သည့် ယာဉ်လိုင်း ၁၀ လိုင်းဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။


အင်ကြင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)