မိုးညှင်းခရိုင်၌ အခြေခံပညာအထက်တန်းဆင့် Grade-11 နှင့် Grade-12 ကျောင်းသား/သူများအတွက် ဥပဒေအသိပညာပေးရေး ဆရာဖြစ်သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းခရိုင်၌ အခြေခံပညာအထက်တန်းဆင့် Grade-11 နှင့် Grade-12 ကျောင်းသား/သူများအတွက် ဥပဒေအသိပညာပေးရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်




မိုးညှင်း၊ ဇန်နဝါရီ ၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့် Grade-11 နှင့် Grade-12 တွင် ဥပဒေဘာသာရပ် ထည့်သွင်းသင်ကြားနိုင်ရေး ဆရာ၊ ဆရာမများ ဆရာဖြစ်သင်တန်း (TOT)ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်ကျော်က အခြေခံပညာအထက်တန်းဆင့် Grade-11 နှင့် Grade-12 ကျောင်းသား/သူများအတွက် ဥပဒေအသိပညာပေးရေး ဆရာဖြစ်သင်တန်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဥပဒေအရာရှိ ဒေါ်ငြိမ်းလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်ပညာရေးမှူးရုံးမှ ခရိုင်တာဝန်ခံဆရာကြီး ဦးတိုးအောင်က အဆိုပါသင်တန်း၏ စည်းမျဉ်းစည်းကမ်းချက်များနှင့် သင်တန်းအစီအစဉ်များကို ရှင်းလင်းပြောကြားပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းတို့ တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ ၎င်းသင်တန်းအား သတ်မှတ်ခေါင်းစဉ်များအလိုက် သက်ဆိုင်ရာ သင်တန်းမှူးများမှ သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မိုးညှင်းခရိုင်အတွင်းရှိ မြို့နယ်များမှ တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၇၆)ဦးဖြစ်ပြီး သင်တန်းကာလမှာ ဇန်နဝါရီ (၆)ရက်မှ (၁၀)ရက်ထိ (၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


ရွှေမိုးညှင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)