အင်္ဂပူမြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ရင်းတွင်းစကားသံများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ရင်းတွင်းစကားသံများ






အင်္ဂပူ၊ ဇန်နဝါရီ ၆

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား လူငယ်များနှင့် နိုင်ငံ့အနာဂတ်လူစွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြှင့်မားလာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် နိုင်ငံတော်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ၅-၁-၂၀၂၅ နေမှ ၆-၁-၂၀၂၅ နေ့အထိ အ.ထ.က အင်္ဂပူတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ရင်တွင်းစကားသံများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။


မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုး

မင်္ဂလာပါခင်ဗျာ။ ကျွန်တော်ကတော့ အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုး ဖြစ်ပါတယ်။ ဒီကနေ့ကတော့ အင်္ဂပူမြို့နယ်မှာ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပနေတာပဲဖြစ်ပါတယ်။ ဒီလိုကျင်းပတဲ့ရည်ရွယ် ချက်ကလည်း ကျွန်‌တော်တို့ နိုင်ငံတော်အကြီးအကဲ၏ မူဝါဒနှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနဲ့ ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့တွေရဲ့ ကြီးကြပ်မှုနဲ့အတူ ဒီနေ့ပွဲကိုကျင်းပတာပဲဖြစ်ပါတယ်။ ဒီနေ့ပွဲမှာဆိုရင် ပြိုင်ပွဲတွေ ပြပွဲတွေ အကုန်လုံးအစုံပါဝင်အောင်လို့ ထည့်သွင်းဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေ ထက်မြက်စေဖို့အတွက်ကိုလည်း ကျပန်းစကားပြောပြိုင်ပွဲတွေ ၊ ပုံပြောပြိုင်ပွဲတွေ ထည့်သွင်းပြီးကျင်းပလျက်ရှိပါတယ်။ နိုင်ငံတော်အကြီး အကဲ၏ မူဝါဒနှင့်အညီ ဗလငါးတန်နဲ့ပြည့်ဝတဲ့ ကျောင်းသား/သူတွေ ဖြစ်စေဖို့ရည်ရွယ်ပြီးတော့ ရိုးရာအားကစားဖြစ်တဲ့ ထုပ်စည်းတိုးအားကစားနည်းကိုလည်း ထည့်သွင်းပေးထားပါတယ်။ အဲဒီအပြင်ကိုမှ ပျော်ပွဲရွှင်ပွဲအနေနဲ့ ဆန်ကောရွက်ပြိုင်ပွဲတွေ ခါးလှည့်ပြိုင်ပွဲတွေ ကျင်းပပြီးတော့ ကလေးတွေကိုပျော်ရွှင်စရာ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ပေးအပ်လျက်ရှိပါတယ်။ ဒီနေ့ကျင်းပတဲ့ပွဲမှာဆိုရင်လည်း စာပေစကားဝိုင်းကိုလည်း ထည့်သွင်းကျင်းပတာဖြစ်ပြီး ကလေးတွေကနေ သူတို့ရဲ့ခံစားချက်တွေ လက်ရှိမြန်မာ့ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အကြောင်းအရာတွေကို ထည့်သွင်းပြီးတော့မှ ကျင်းပဆောင် ရွက်လျက်ရှိပါတယ်။ ကျွန်တော့အနေနဲ့ ပြောပြချင်တာကတော့ အင်္ဂပူမြို့နယ်မှာ ယခုလိုမျိုး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယခုလိုကျင်းပခွင့်ရတဲ့အတွက် မြို့နယ်အတွက်များစွာ အထူးကျေးဇူးတင်ရှိပါတယ်။ ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေ ထက်မြက်ပြီးတော့မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အောင်ချက်ရာခိုင်နှုန်းတွေမြင့်မားလာမယ်လို့ မျှော်လင့်ပါတယ်။ ကျန်းမာကြံ့ခိုင်ပြီး နိုင်ငံ့အတွက် အားကိုးအားထားပြုရတဲ့ သားကောင်းရတနာတွေ ပေါ်ထွန်းလာမယ်လို့ မျှော်လင့်ပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။


မြို့နယ်ပညာရေးမှူး ဒေါ်ချိုချိုခိုင်

ဒီကနေ့ကျင်းပတဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျောင်းသား/သူတွေရဲ့ စာပေဖတ်ရှုလေ့လာပြီးတော့ ရှေ့ဆက်ရမယ့်ဘဝခရီးတစ်လျှောက်မှာ စာပေနဲ့ ဘဝခရီးလမ်း ကြောင်းကောင်းမွန်အောင် ကျင်းပရခြင်းဖြစ်ပါတယ်။ ဒီစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ စာအုပ်စာပေခင်းကျင်း ပြသထားတွေ ရှိပါတယ်။ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ လူငယ်စကားဝိုင်း၊ ပုံပြင်ပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတွေရှိပါတယ်။ ဒီပြိုင်ပွဲတွေကျင်းပရတဲ့ အဓိကတော့ ရည်ရွယ်ချက်ကတော့ စာပေဗဟုသုတတွေ အများကြီးရှာဖွေစုဆောင်းထားမှ ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ လူငယ်စကားဝိုင်းမှာလည်း စာပေဖတ်ရှုခြင်းသည် အင်တာနက်ကြည့်ရှုခြင်းထက် ပိုပြီးအကျိုးရှိတယ်ဆိုတဲ့ ခေါင်းစဉ်မျိုး ယဉ်ကျေးမှုပျောက်မှာ ကြောက်မိပါတယ်ဆိုတဲ့ ခေါင်းစဉ်မျိုးကို ကျင်းပခြင်းအားဖြင့် ကလေးများအား စာပေကို တော်တော်လေ့လာထားမှ ဒီလိုပြိုင်ပွဲမျိုးကို ယှဉ်ပြိုင်လို့ရမှာဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲတွေဟာ စာဖတ်ရှိန်မြှင့်တင်ရေးကို နှိုး‌ဆော်လိုက်တဲ့ပွဲလည်းဖြစ်တဲ့အတွက် ကျွန်မတို့ အပင်ပန်းခံရကျိုးနပ်ပြီး ကလေးများအတွက် လက်တွေ့အကျိုးရှိသွားပါတယ်။ သင်ခန်းစာတွေနဲ့ ချိတ်ဆက်တဲ့ သင်ထောက်ကူပစ္စည်းတွေကိုလည်း ခင်းကျင်းပြသထားတဲ့အတွက် အနယ်နယ် အရပ်ရပ် အတန်းအသီးသီးက ဒီတစ်နေရာထဲမှာပဲတွေ့မြင်ရသလို စာပေပွဲတော်ကျင်းပတဲ့ အ.ထ.က အင်္ဂပူကျောင်းမှာပဲ အင်္ဂပူတစ်မြို့နယ်လုံးမှာရှိတဲ့ အခြေခံပညာကျောင်းပေါင်း ၂၇၄ ကျောင်းက ကျောင်းသား/ သူတွေဟာ သူတို့ရဲ့ပညာရည်မြင့်မားဖို့အတွက် လေ့လာခွင့်ရတဲ့အတွက် များစွာ ကျေနပ်ပီတိဖြစ်ရပါတယ်။ ကလေးတွေရဲ့ ပင်ကိုယ်ထက်မြက်မှုစွမ်းရည်ကိုလည်း ပြသခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲတော်တစ်ခုလုံးကို ဆောင်ရွက်ပေးကြတဲ့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်တာဖြစ်တဲ့အတွက် ဒီပူးပေါင်းဆောင်ရွက်မှုမှာအားလုံး တစ်သားထဲ တစ်သွေးထဲစည်းစည်းလုံးလုံး တက်တက်ကြွကြွ ဆောင်ရွက်ကြလို့ ထိုက်ထိုက်တန်တန်ခမ်းခမ်းနားနားဆောင်ရွက်ကြလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါ့အပြင်ဒီလိုပွဲမျိုးကို ခုလိုမျိုးကျင်းပပေးခြင်းအားဖြင့် အဓိကအားဖြင့် နောင်အနာဂတ်မှာ ပေါ်ထွက်လာမယ့်ရင်သွေးရတနာတွေရဲ့ ပညာရေးအပေါ်မှာ စိတ်ပါဝင်စားမှု စာပေအပေါ်မှာစိတ်ပါဝင်စားမှု တီထွင်ဖန်တီးနိုင်မှု စွမ်းရည်တွေကို ဖော်ထုတ်ခွင့်၊ ပြသခွင့်၊ မြှင့်တင်ခွင့်ရတဲ့အတွက် အထူးကျေနပ်ပီတိဖြစ်မိပါတယ်။ ဒီစာပေပွဲတော်မှာ ပျော်ပွဲရွှင်ပွဲနှင့် မြန်မာ့ရိုးရာ ထုတ်စည်းတိုးပြိုင်ပွဲတွေကို ထည့်သွင်းထားတဲ့အတွက် ကလေးများအတွက် စွမ်းရည်ကိုထုတ်ဖော်ပြသခွင့်ရခဲ့ပါတယ်။ စာကြည့်တိုက်များဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ကျင်းပပေးတဲ့တာဝန်ရှိသူများအားလုံးကို အားလုံးရဲ့ကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုက်ပါတယ်။


မောင်မင်းစည်သူခန့် အ.ထ.က မဲဇလီကုန်း

အ.ထ.က မဲဇလီကုန်း ဒွာဒဿမတန်းတွင် ပညာသင်ကြားနေတဲ့ မောင်မင်းစည်သူခန့်က ယနေ့ အ.ထ.က အင်္ဂပူမှာကျင်းပပြုလုပ်တဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ ကျွန်တော်ကတော့ လူငယ်စကားဝိုင်းမှာ ဆွေးနွေးသူတစ်ယောက်အနေနဲ့ ပါဝင်ဆွေးနွေးထားပါတယ်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနက ကျင်းပပြုလုပ်ပေးတဲ့ စာဖတ်ခန်း၊ စာအုပ်ပြခန်း၊ ဓာတ်ပုံပြခန်းများ၊ ပန်းချီပြခန်းများ၊ စာအုပ်အရောင်းဆိုင်များ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများအပြင် အားကစားပြိုင်ပွဲများဖြစ်တဲ့ ဉာဏ်စမ်း၊ စကားပုံဆက်၊ ထုပ်စီးတိုး၊ ဆန်ကောရွက် အားကစား ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးနေပါတယ်ခင်ဗျာ။ ဒီလိုမျိုးစာပေပွဲတော် ကြီးမှာလာရောက်ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်ခင်ဗျာ။ ဒီစာပေပွဲတော်ကြီးမှာ အသိပညာတွေ၊ ဗဟုသုတတွေ၊ စာပေရေးရာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို သိရှိရတယ်။ ဒီလိုမျိုးစာပေပွဲတော်ကြီးကိုလည်း နောက်နောင်များစွာကျင်းပပေးဖို့အတွက် တောင်းဆိုချင်ပါ တယ်ခင်ဗျာ။


မဆုအိန္ဒြေလင်း အ.ထ.က မဲဇလီကုန်း

အ.ထ.က မဲဇလီကုန်း ဒွာဒဿမတန်းတွင် ပညာသင်ကြားနေတဲ့ ကျောင်းသူ မဆုအိန္ဒြေလင်း ဖြစ်ပါတယ်။ သမီးကဒီနေ့ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကြီးမှာ လူငယ်စကားဝိုင်းမှာ ဝင်‌ရောက်ဆွေးနွေးသူတစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒီနေ့ပွဲတော်ကြီးမှာ ပုံပြော၊ ကဗျာရွတ်၊ စာစီစာကုံး ပြိုင်ပွဲများအပြင် ဉာဏ်စမ်း၊ စကားပုံဆက် ပြိုင်ပွဲများလည်း တွေ့ရှိရ ပါတယ်။ အားကစားပြိုင်ပွဲများလည်း များစွာပါဝင်ပါတယ်။ ပြခန်းများအနေနဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာအုပ်ပြခန်း၊ စာဖတ်ခန်း၊ ဓာတ်ပုံပြခန်း၊ ပညာရေးဌာနပြခန်းများ သင်ထောက်ကူပြခန်းများ ပါဝင်ထားပါတယ်။ ဒါကြောင့် ဒီစာပွဲတော်ကြီးကနေမှ ဗဟုသုတတွေ၊ စာပေရေးရာအကြောင်းအရာတွေ သိရှိခွင့်ရတဲ့အတွက်ကြောင့်မို့ သမီးတို့လို ကျောင်းသား/သူ လူငယ်တွေအတွက် စာပေဆိုင်ရာ ဗဟုသုတတွေများစွာရရှိတဲ့အတွက်ကြောင့် ညီငယ်/ညီမငယ် လေးများကိုလည်း လာရောက်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)