ဇန်နဝါရီ - ၁၆ ( ကြာသပတေးနေ့ )
အစ္စရေးနှင့် ဟားမတ်စ်တို့က ဓားစာခံများအားလုံးကို ပြန်လွှတ်ပေးရန် သဘောတူညီခဲ့ကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ကြေညာခဲ့ပါတယ်။
“အစ္စရေးနဲ့ ဟားမတ်တို့ ဖမ်းထားတဲ့ ဓားစာခံတွေအတွက် ငါတို့ သဘောတူညီချက်တစ်ခုလုပ်ခဲ့ပါတယ်။ သူတို့ကို မကြာခင် လွှတ်ပေးမှာပါ” လို့ ထရမ့်က သူ့ရဲ့ကိုယ်ပိုင်ဆိုရှယ်မီဒီယာဖြစ်တဲ့ Truth Social platform တွင် မနေ့က တင်ခဲ့ပါတယ်။ မီဒီယာအများအပြား၏ အဆိုအရ ကာတာတွင် အတည်ပြုခဲ့သော သဘောတူညီချက်တွင် ၄၂ ရက်ကြာ အပစ်အခတ်ရပ်စဲရေးနှင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဂါဇာမှ ဟားမတ်စ်တို့ ဖမ်းဆီးခေါ်ဆောင်သွားသော အစ္စရေးအားလုံးအပါအဝင် အကျဉ်းသားလဲလှယ်ရေးတို့ ပါဝင်ပါတယ်။
နောက်ပို့စ်တစ်ခုမှာ "ဒီ အမြင့်ဆုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ နိုဝင်ဘာလမှာ ကျွန်တော်တို့ရဲ့ သမိုင်းဝင်အောင်ပွဲရလဒ်ကြောင့်သာ ဖြစ်လာနိုင်တယ်၊ ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးက အမေရိကန်နဲ့ မဟာမိတ်တွေအားလုံးရဲ့ ဘေးကင်းရေးအတွက် ငြိမ်းချမ်းရေးရယူပြီး စေ့စပ်ညှိနှိုင်းပေးမယ့် သဘောတူညီချက်တွေကို ကမ္ဘာကြီးတစ်ခုလုံးကို အချက်ပြလိုက်တဲ့အတွက်ကြောင့်ပါပဲ" လို့ ထရမ့် က ပြောကြားခဲ့ပါတယ် ။ "ဒါက အမေရိကအတွက် ကြီးကျယ်ခမ်းနားတဲ့ အရာတွေရဲ့ အစပဲ၊ တကယ်ပါပဲ၊ ကမ္ဘာကြီးရဲ့ အစပါပဲ" ထရမ့်ရဲ့ အမျိုးသားလုံခြုံရေးအဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသအား အကြမ်းဖက်ရန်ကင်းသည့်နေရာအဖြစ် ဖြစ်ပေါ်စေရန် ၊ နောက်တစ်ကြိမ်ထပ်မဖြစ်စေရန် သေချာစေဖို့ အစ္စရေးနှင့် အမေရိကန်ရဲ့မဟာမိတ်များတွေက နီးကပ်စွာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရွေးကောက်ခံသမ္မတက ပြောကြားခဲ့ပါတယ်။
ထရမ့်ရဲ့ အထူးကိုယ်စားလှယ် စတိဝစ်ကော့ဖ် က ဒိုဟာမြို့ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ပြီး သဘောတူညီချက်ကို လက်ခံရန် အစ္စရေးကိုယ်စားလှယ်အဖွဲ့အား ဆွဲဆောင်ရာ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့တယ်လို့သိရပါတယ်။ “လူများစွာရဲ့အကူအညီကြောင့် ဒီသဘောတူညီချက်က အောင်မြင်ပြီး အင်အားကြီးတဲ့ ငြိမ်းချမ်းရေးမူဝါဒကို ပြသနေပါတယ်” လို့ ဝစ်ကော့ဖ် က အစ္စရေး ချယ်နယ် ၁၂ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ “အစ္စရေးညှိနှိုင်းရေးအဖွဲ့တွေကို ကျေးဇူးတင်ပါတယ်၊ ကာတာနိုင်ငံကိုကျေးဇူးတင်ပါတယ်၊ အီဂျစ်ကို ကျေးဇူးတင်ပါတယ်၊ ဘိုင်ဒန်အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်၊ အဓိကကတော့ ငြိမ်းချမ်းရေးမူဝါဒနဲ့ အနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်ပါတယ်” လို့ ဆိုသွားပါတယ်။
တနင်္လာနေ့အစောပိုင်းတွင် ဆွေးနွေးပွဲမှ အောင်မြင်မှုများ ရရှိခဲ့တယ်လို့ သိရပါတယ်။ ကာတာအုပ်ချုပ်သူ Sheikh Tamim bin Hamad al-Thani ရှိတ်တာမင်ဘင် ဟာမက် အယ်လ် သာနီ က ပါလက်စတိုင်းအဖွဲ့အား သဘောတူညီချက်ကို လက်ခံရန် ဆွဲဆောင်ခဲ့ပြီး ဟားမတ်စ်အကြီးတန်းအရာရှိများနှင့် တွေ့ဆုံခဲ့ပါတယ်။
အီဂျစ်နှင့် တူရကီထောက်လှမ်းရေး အကြီးအကဲများက အစ္စရေးရဲ့ မော့ဆက်နှင့် ရှင်ဘက်အဖွဲ့တွေရဲ့ အကြီးအကဲများနှင့်အတူ စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်ခဲ့ပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment