တရားမဝင်လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် တရားမဝင်ကုန်ပစ္စည်းတင်ယာဉ်များ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမဝင်လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် တရားမဝင်ကုန်ပစ္စည်းတင်ယာဉ်များ သိမ်းဆည်းရမိ


နေပြည်တော်၊ ဇန်နဝါရီ ၈

တရားမဝင်ကုန်သွယ်မှု တိုက် ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။

ဇန်နဝါရီ ၃ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာသုံးလုံး အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄၀၉၉၅၀၀) ကိုလည်းကောင်း၊ ဇန်နဝါရီ ၆ ရက်တွင် သီလဝါ ဆိပ်ကမ်း၌ ကုန်သေတ္တာလေးလုံး အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၃၁၈၇၀၀၀) ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန် သေတ္တာကိုးလုံးအတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုး ငွေ ၄၂၁၆၈၅၆၀၇ကျပ်) ကို လည်းကောင်း၊ အရှေ့ဒဂုံမြို့နယ် Dry Port (ကုန်းတွင်းဆိပ်ကမ်း)၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေ ၄၃၇၂၅၁၆၈ ကျပ်)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀၀) ကို လည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေ ၈၈၂၆၉၇၂၇၅ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။

ဇန်နဝါရီ ၆ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Rayစက် စစ်ဆေးရေးဂိတ်၌ သာမညမှရန်ကုန်မြို့ သို့ မောင်းနှင် လာသည့် ယာဉ်တစ်စီးနှင့် ဘားအံ မြို့မှ ရန်ကုန်မြို့ သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်းလေးမျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး၊ လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၈၂၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Bus တစ်စီး၊ Toyota Hiace တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၆၂၈၂၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့နောက် မန္တလေးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား (မန္တလေး) စစ်ဆေးရေးစခန်း၌ မန္တလေးမြို့မှ စစ်ကိုင်းမြို့သို့သွား ရောက်မည့် ယာဉ်တစ်စီးနှင့် မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီး ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း ၅၁ မျိုး (ခန့်မှန်းတန်ဖိုးငွေ ၂၅၀၉၀၉၆၁ ကျပ်)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Toyota Hiace Mini Bus : Jin Bei Mini Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၅၀၀၀၀၀၀)ကိုလည်းကောင်း၊ မြစ်ငယ်စစ်ဆေးရေး စခန်း၌ရန်ကုန်မြို့မှ မန္တလေးမြို့ သို့ မောင်းနှင်လာသောယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၃၈၆၉၄၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၁၀၀၀၀၀၀) ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ၁၇၂၄၇၇၉၀၁ ကျပ်ကို သိမ်းဆည်း ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဇန်နဝါရီ ၃ ရက်နှင့် ၆ ရက် တို့တွင်ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၄ မှု (ခန့်မှန်းတန်ဖိုး ငွေ ၁၁၁၇၉၉၅၁၇၆ ကျပ်) ကို သိမ်းဆည်းရမိခဲ့သည်။ တရား မဝင် တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည် လုပ်ငန်းရှင်များအတွက် ထိခိုက် နစ်နာမှုနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင် မှုစွမ်းအား ကျဆင်းခြင်းတို့ဖြစ်ပေါ် စေပြီး နိုင်ငံတော်အတွက်အခွန် ဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေ သည်။ သို့ဖြစ်ပါ၍ ဆိပ်ကမ်းများ နှင့် နယ်စပ်ဒေသများမှ တရား မဝင်ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ယခုထက်ပိုမို တားဆီးစစ်ဆေး ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)