နေပြည်တော်၊ ဇန်နဝါရီ ၈
တနင်္သာရီ သဘာဝကြိုးဝိုင်း လုပ်ငန်းစီမံကိန်း၏ နှစ်(၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများမှ ကိုယ်စား လှယ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ သုတေသန စာတမ်းရှင်များနှင့် စီမံကိန်းဧရိယာမှ ဒေသခံများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက တနင်္သာရီ သဘာဝကြိုးဝိုင်း စီမံကိန်း၏ အဓိကရည်ရွယ်သည့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ် ထိန်းသိမ်းရေးနှင့် ဒေသခံများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်လာ စေရေးဖြစ်ကြောင်း၊ စီမံကိန်း ကာလနှစ်(၂၀)အတွင်း ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေးဆိုင်ရာနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ သုတေသနစာတမ်း ၃၅စောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဒေသခံ ပြည်သူများကိုလည်း အလုပ် အကိုင် အခွင့်အလမ်းများစွာ ဖော်ဆောင် ပေးနိုင်ခဲ့ကြောင်း၊ တနင်္သာရီသဘာဝကြိုးဝိုင်းသည် တောရိုင်းတိရစ္ဆာန်များ မှီတင်း နေထိုင်ရာ နေရင်းဒေသတစ်ခု ဖြစ်ရုံသာမက ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူ များ၏ လူမှုဘဝဖွံ့ဖြိုးရေးကို ယှဉ်တွဲအကောင်အထည်ဖော်နိုင် ကြောင်း ပြသနေသည့် ပြယုဂ် တစ်ခုလည်းဖြစ်သည့် အတွက် ရေရှည်တည်တံ့အောင် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သွားကြ ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက တနင်္သာရီ သဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း အထိမ်း အမှတ် ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦးက တနင်္သာရီ သဘာဝကြိုးဝိုင်း စီမံကိန်း၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အစီ အစဉ်များကို ရှင်းလင်းတင်ပြပြီး တနင်္သာရီသဘာဝ ကြိုးဝိုင်း စီမံကိန်း၏ နှစ်(၂၀)ပြည့် အထိမ်း အမှတ် မှတ်တမ်းဗီဒီယိုကိုပြသ ၍ တေးသရုပ်ဖော်အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကာ အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ခင်းကျင်းပြသထား သည့် စီမံကိန်းကာလအတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများဆိုင်ရာပိုစတာများနှင့် သုတေသန စာတမ်းဆိုင်ရာ ပိုစတာများကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူ များက ရှင်းလင်းတင်ပြကြသည်။ အခမ်းအနား အပြီးတွင် တနင်္သာရီ သဘာဝကြိုးဝိုင်း၏ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အနာဂတ်တွင် ဆောင် ရွက်ရမည့် အခွင့်အလမ်းကောင်း များ ဖော်ထုတ်ခြင်းဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲနှင့် စကားဝိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ သုတေသန စာတမ်းရှင်များက ကဏ္ဍ အလိုက် စာတမ်းများ ဖတ်ကြားခဲ့ပြီး တက်ရောက် လာသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုကြ ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment