လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ


ရန်ကုန်၊ ဇန်နဝါရီ ၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ အဖွဲ့ဝင်များအား လူ့အခွင့်အရေး အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် ဘာသာပေါင်းစုံ၏ စုပေါင်းအား ဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်း များတွင် တစ်ဖက်တစ်လမ်းမှ ချစ်ကြည်ညီညွတ်စွာ အတူတကွ ပူးပေါင်း ဆောင်ရွက်သွားမည် ဟူသည့်အဖွဲ့၏ ရည်ရွယ်ချက်ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ် ၍ လူ့အခွင့်အရေးဆိုင်ရာ အသိ ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က Esperado LakeView Hotel ၌ ကျင်းပသည်။

ရှင်းလင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန် နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထား သည့်ဧည့်သည်များ တက်ရောက် ကြသည်။ 

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြားပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့(ဗဟို)ဥက္ကဋ္ဌက ကျေးဇူးတင် စကား ပြောကြားသည်။

ထို့နောက် အမျိုးသား မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ သန်းမြင့်က လူ့အခွင့်အရေး အခြေခံ အယူအဆအကြောင်းနှင့်စပ်လျဉ်း ၍ လူ့အခွင့်အရေး၏ ကျယ်ပြန့် နက်ရှိုင်းသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ လူ့အခွင့်အရေး၏ ဝိသေသလက္ခဏာများ၊ လူ့အခွင့်အရေး အမျိုးအစားများနှင့် လူ့အခွင့်အရေးဆိုင်ရာ သိသင့် သိထိုက်သည့် အကြောင်းအရာများ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း ပေါ်ပေါက်လာပုံနှင့် ကြေညာစာတမ်းပါ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်တို့နှင့် စပ်လျဉ်းသည့် အကြောင်းအရာများ၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းတို့ကို ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာ သူများက မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)