သံတမန်ဝန်ထမ်းများ အနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် မိမိနိုင်ငံ၏ အကျိုးဖြစ်ထွန်းအောင်၊ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းအောင်၊ ဆက်ဆံရေးတိုးတက်အောင် ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်သွားကြရန် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတမန်ဝန်ထမ်းများ အနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် မိမိနိုင်ငံ၏ အကျိုးဖြစ်ထွန်းအောင်၊ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းအောင်၊ ဆက်ဆံရေးတိုးတက်အောင် ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်သွားကြရန် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မှာကြား


နေပြည်တော်၊ ဇန်နဝါရီ ၈

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေသည် ပြည်ပ ရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာ ကောင်စစ်ဝန်ချုပ် ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင် ကြမည့် အရာထမ်း၊ အမှုထမ်းများ အား ယမန်နေ့က အဆိုပါဝန်ကြီးဌာန ဧရာဝတီ ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

တက်ရောက် တွေ့ဆုံပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဦးကိုကိုကျော်၊ အမြဲ တမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် များနှင့် ပြည်ပသို့ သွားရောက်တာဝန် ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ သံရုံး၊ အဖွဲ့ ရုံးနှင့် ကောင်စစ်ဝန်ချုပ် ရုံးများတွင် သွားရောက် တာဝန်ထမ်းဆောင် ကြမည့် အရာထမ်းများနှင့် အမှုထမ်းများက ၎င်းတို့ သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံ များနှင့် ယခုသွားရောက်တာဝန် ထမ်းဆောင်ရမည့် နိုင်ငံများကို တစ်ဦးချင်းစီ မိတ်ဆက်တင်ပြ ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးက သံတမန် ဝန်ထမ်းတစ်ဦးအတွက် အရေးကြီးဆုံး တာဝန်မှာ နိုင်ငံတော်နှင့် လူမျိုးအပေါ်သစ္စာ စောင့်သိရိုသေရန် မှာကြားလိုကြောင်း၊ သံတမန်တစ်ဦးသည် အရည်အသွေး၊ အရည်အချင်းများ နှင့် ပြည့်စုံပြီး ဆင်ခြင်တုံတရားရှိရှိ ဆောင်ရွက်နိုင်မှသာ မိမိကိုယ် မိမိ တန်ဖိုးမြှင့်တင်နိုင်မည်ဖြစ် ကြောင်း၊ သံတမန်ဆိုသည်မှာ လူအင်အားအနည်းဆုံးဖြင့် ကြီးမားသည့်တာဝန်ကို ထမ်းဆောင်ရ မည်ဖြစ်သည့်အတွက် သံတမန် အရည်အသွေးများ တိုးတက်နေအောင် ထက်မြက်နေအောင် ကြိုးစားကြရမည် ဖြစ်ကြောင်း၊ တစ်ဦးချင်းအလိုက် နေထိုင် ကျင့်ကြံရမည့် အပြုအမူများ၊ ကြိုးစား အားထုတ်မှုများကို ဆင်ခြင်ဉာဏ်သုံး၍ ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ သွားရောက် တာဝန်ထမ်းဆောင်မည့် နိုင်ငံအကြောင်းကို ကြိုတင် လေ့လာသွားရန်လိုအပ်ပြီး ထိုသို့ သိရှိမှသာ တာဝန်ထမ်းဆောင်မှု တွင် အဆင်ပြေချောမွေ့စေမည် ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ဖြစ်ပေါ်ပြောင်းလဲနေမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်နေရ မည်ဖြစ်ပြီး သံတမန်ဝန်ထမ်းများ အနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် မိမိနိုင်ငံ၏ အကျိုးဖြစ်ထွန်းအောင်၊ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းအောင်၊ ဆက်ဆံရေးတိုးတက်အောင် ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်သွားကြရန် မှာကြား လိုကြောင်း၊ ရောက်ရှိသည့်နိုင်ငံ တွင် မြင်တွေ့ရသည့် ဖြစ်ပေါ် တိုးတက်မှုများကို နမူနာယူ၍ အားသာချက်၊ အားနည်းချက်များ ကို သင်ခန်းစာယူတတ်ရန်လို ကြောင်း၊ သံတမန်ဖြစ်သည့်အတွက် Negotiation Skill ကောင်းမွန်ပြီး ကျွမ်းကျင်မှုရှိရန် လိုကြောင်း၊ သံတမန်များလိုက်နာ ရမည့် စည်းကမ်း၊ နေထိုင်သွားလာ မှုများကို သတိပြုရန်ဖြစ်ကြောင်း၊ သံတမန် အခွင့်အရေးနှင့် ကင်းလွတ်ခွင့်များကို အကျိုးရှိရှိ ထိန်းသိမ်း ဆောင်ရွက်ရန်နှင့် လွဲမှားစွာ အသုံးမချရန်လိုအပ် ကြောင်း၊ တာဝန်ထမ်းဆောင်ရာ တွင် မှန်ကန်သည့် ကြိုးစားအားထုတ်မှုဖြင့် အသိအမှတ်ပြုဂုဏ်ပြု ခံရအောင် ကြိုးစားရန်လိုအပ်ပြီး ကြိုးစားမှုအပေါ် မူတည်ပြီး နိုင်ငံတော်က ဘွဲ့ထူးဂုဏ်ထူး၊ ဆုတံဆိပ်များ ချီးမြှောက်ပေး လျက်ရှိကြောင်း။

သံတမန်တစ်ဦး အနေဖြင့် သံခင်းတမန်ခင်း ကျွမ်းကျင်မှု အပြင် ညှိနှိုင်းဆွေးနွေးမှု၊ နည်းနာ ကျွမ်းကျင်မှုနှင့် ဘာသာစကား များ ကျွမ်းကျင်မှုရှိအောင် ကြိုးစား ကြရမည်ဖြစ်ပြီး ကမ္ဘာသုံးဘာသာ စကား၊ သွားရောက်တာဝန် ထမ်းဆောင်မည့် နိုင်ငံ၏ဘာသာ စကားကိုပါ တတ်မြောက်နိုင်ရေး ကြိုးစားလေ့လာ သင်ယူစေလို ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အချင်းချင်း စည်းလုံးညီညွတ်မှုရှိ စေလိုကြောင်း၊ အလုပ်တစ်ခုကို လုပ်ဆောင်မည်ဆိုပါက တစ်ဦး တစ်ယောက်အားထက် အများ၏ စုပေါင်းအားဖြင့် ဆောင်ရွက်ရခြင်း သည် လုပ်ငန်းကို ပိုမိုထိရောက် ခရီးရောက်စေသည့် အတွက် ညီညွတ်မှုရှိကြရန် တိုက်တွန်းပြောကြားပြီး တွေ့ ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)