နေပြည်တော်၊ ဇန်နဝါရီ ၈
လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည့် လျှပ်စစ် နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ၏ (၁/၂၀၂၅) အစည်းအဝေးကို ယမန်နေ့က နေပြည် တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီး ချုပ်ရုံး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကော်မရှင်ဒုတိယ ဥက္ကဋ္ဌများ၊ ကော်မရှင်အဖွဲ့ ဝင်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်တို့မှ ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီမှ တာဝန်ရှိသူတစ်ဦး တက်ရောက်ကြပြီး ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက အွန်လိုင်းစနစ် ဖြင့် တက်ရောက်ကြသည်။
ဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုး ရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အဖွင့်အမှာစကား ပြောကြားရာ နိုင်ငံတော်အနေဖြင့် လျှပ်စစ် နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက် တွင် ဖွဲ့စည်းပေးခဲ့ပြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ(၂)ရပ်လုံး ဖွံ့ဖြိုး တိုးတက်ရေးကို ကော်မရှင်အဖွဲ့ ဝင်များနှင့် ပညာရှင်များ၏ တတ်သိ ကျွမ်းကျင်မှုများဖြင့် ခေတ်စနစ်နှင့်လျော်ညီသော ဖွံ့ဖြိုး တိုးတက်ရေးလမ်းကြောင်း (Development Trends) ရရှိနိုင်ရေး နှင့် လတ်တလော အောင်မြင်စွာ ဖြေရှင်းနိုင်မည့် ဦးစားပေး ဆောင် ရွက်သင့်သည့် လုပ်ငန်းများ တိုင်ပင်ညှိနှိုင်း အဖြေရှာသွားကြ ရမည်ဖြစ်ပါကြောင်း။
ပြည်သူတို့၏ နေ့စဉ်လူနေမှုဘဝ တိုးတက်မြင့်မားရေး၊ ပြည်တွင်း နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ပိုမိုဝင်ရောက်လာစေရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ရရှိရေးသည် အရေးကြီးသည့်အခြေခံအဆောက် အအုံ(Infrastructure) ဖြစ်နေ သည့်အတွက် ကဏ္ဍ(၂)ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်နိုင်ရန် ကော်မရှင်ကို ဖွဲ့စည်းပေးရခြင်း ဖြစ်ပါကြောင်း။
လျှပ်စစ်ကဏ္ဍတွင် မိမိတို့နိုင်ငံရှိ လျှပ်စစ်ထုတ်လုပ်နိုင်သည့် အရင်းအမြစ်အမျိုးမျိုးရှိရာ ရေအား နှင့် သဘာဝဓာတ်ငွေ့တို့အပေါ် အဓိကမှီခိုနေရကြောင်း၊ ပြန်ပြည့် မြဲစွမ်းအင် (Renewable Energy) အသုံးပြုမှုကို ယခုထက်ပိုမို တွင်ကျယ်အောင် ဆောင်ရွက်ရန် လည်း လိုအပ်ပါကြောင်း၊ အချိန်တို အတွင်း လျှပ်စစ်ဓာတ်အားရရှိရန် လိုအပ်လျက်ရှိသည့် အတွက် သဘာဝဓာတ်ငွေ့ရည် (LNG)သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း။
လက်ရှိအနေအထားအရ မဟာ ဓာတ်အားလိုင်းများနှင့် ဓာတ်အား ခွဲရုံများကို အကြမ်းဖက် ဖျက်ဆီးမှု များကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်သည့် လျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ပေးပို့မရခြင်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းခြင်း၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ ထိန်းသိမ်းပြုပြင် ခြင်းများကြောင့် လျှပ်စစ်ဓာတ်အား အပြည့်အဝ မထုတ်လုပ်နိုင်သည့် အပြင်သဘာဝဘေးဒဏ်ဖြစ်သည့် ရေကြီးရေလျှံခြင်းများကြောင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများ လည်ပတ်မောင်းနှင်၍ မရသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသော ကာလဖြစ်ပါကြောင်း။
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး တွင်လည်း ရရှိသမျှ လျှပ်စစ် ဓာတ်အားနှင့် အချိန်လိုက် အုပ်စု ခွဲပြီး လျှပ်စစ်ဓာတ်အား သုံးသူများ ကို တတ်နိုင်သလောက်အဆင်ပြေ ချောမွေ့အောင် ဖြန့်ဖြူးပေးနေပါ ကြောင်း၊ ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်သည့် နေရာတွင် လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုတို့သည် အဓိကကျသည့်အတွက် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများကို ဖိတ်ခေါ်ဆောင်ရွက် ရန်နှင့် ရင်းနှီးမြှုပ်နှံသူကို ဆွဲဆောင်နိုင်ပြီး အကာအကွယ်ပေးနိုင်သည့် မူဘောင်များဖြစ်ရန် လိုအပ်ပြီး သက်ဆိုင်ရာ ဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကို ပြန်လည် လေ့လာသုံးသပ်ရန် လိုအပ်မည် ဖြစ်ပါကြောင်း။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ မကွေးတိုင်းဒေသကြီး ခရီးစဉ်အတွင်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန်နှင့် ဧရာဝတီ မြစ်ရေကိုထိန်း၍ ရသည့်နေရာများ၌ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အနိမ့်တမံများ တည်ဆောက်နိုင်ရေး စီမံဆောင် ရွက်သွားရန် မှာကြားခဲ့ပါကြောင်း၊ ဧရာဝတီမြစ်အတွင်း အနိမ့်တမံများ တည်ဆောက်၍ လျှပ်စစ်ထုတ်ယူနိုင်သည့် နေရာ ၁၆ ခုရှိပြီး ဦးစားပေး လေးနေရာ အနက်မှ အသင့်လျော်ဆုံး တစ်နေရာအား အကျိုးအပြစ်များနှင့် အတူ ပြန်လည်တင်ပြရန် လမ်းညွှန်မှု ပြုထား၍ အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပညာရှင်များ မှ အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း။
နိုင်ငံတကာတွင်လည်း ဆိုလာစွမ်းအင်ကို ဦးစားပေးဆောင်ရွက် နေသည်ကို တွေ့ကြရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လည်း နိုင်ငံတကာတွင် ကျင့်သုံးနေ သည့်နည်းတူ Renewable Energy အား အကျိုးရှိထိရောက်စွာ သုံးစွဲ နိုင်ရေး အဆောက်အအုံသစ်များ တည်ဆောက်မည်ဆိုပါက ဆိုလာ စနစ်ပါ တပ်ဆင်အသုံးပြုရေးနှင့် ပိုလျှံလျှပ်စစ်များအား National Grid အတွင်း ပေးသွင်းနိုင်ရေး အတွက် ဥပဒေ၊ အမိန့်ကြော်ငြာစာ များ ထုတ်ပြန်နိုင်သည်အထိ ဆောင်ရွက်သွားရမည် ဖြစ်၍ အားလုံးက အကြံပြုဆွေးနွေးပေး စေလိုပါကြောင်း။
စွမ်းအင်ကဏ္ဍအနေဖြင့်လည်း ကုန်းတွင်း၊ ကမ်းလွန်လုပ်ကွက်သစ်များ၊ လုပ်ကွက်ဟောင်းများ ပြန်လည်အဆင့်မြှင့်တင်ခြင်းများ၊ ရေနံချက်လုပ်ခြင်း လုပ်ငန်းများအတွက် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားရမည် ဖြစ်၍ ဆောင်ရွက်သင့်သည်များကို အကြံပြု ပေးစေလိုပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်လိုအပ်ချက် သည် ယခုထက်ပိုပြီး ဆက်လက် မြင့်တက်နေဦးမည် ဖြစ်၍ လုံလောက်ဖူလုံစွာ ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်နေဦးမည်ဖြစ် ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင် အဖွဲ့ဝင်များကလည်း မိမိတို့နှင့်သက်ဆိုင်သည့် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေး ဆိုင်ရာ လက်ရှိဆောင်ရွက်ချက် များ၊ တွေ့ကြုံရသည့် အခက်အခဲ များနှင့် ဆက်လက်ဆောင်ရွက်ရ မည့် အနာဂတ်အစီအစဉ်များ ကို တင်ပြသွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ(၁) လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ကော်မရှင် ဒုတိယဥက္ကဋ္ဌ(၂) စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့က လျှပ်စစ်နှင့် စွမ်းအင် ထုတ်ယူသုံးစွဲနိုင်ရေး အကောင်အထည်ဖော် ဆောင် ရွက်ထားရှိမှု အခြေအနေ၊ ဆောင် ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲ၊ နောင်ဆက်လက် ဆောင်ရွက်ရမည့် အခြေအနေများ ကို ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးများက လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် ဝန်ကြီးချုပ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း လျှပ်စစ်ဓာတ်အားရရှိမှု နှင့် သုံးစွဲမှုအခြေအနေများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ အစီအစဉ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေများ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြ ပြီး လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ ဖြိုးရေး ကော်မရှင် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment