စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး ဝန်ထမ်းများအားလုံး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) မှ တာဝန်ရှိသူများအား ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး ဝန်ထမ်းများအားလုံး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) မှ တာဝန်ရှိသူများအား ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် မှာကြား


နေပြည်တော်ဇန်နဝါရီ ၁၉

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ၌ အောက်ဆီဂျင်ထုတ်လုပ်သောအလုပ်ရုံ အမြန်ဆုံးလည်ပတ်နိုင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးက အောက်ဆီဂျင်ထုတ်လုပ်သောအလုပ်ရုံ လည်ပတ်နိုင်ရန်အတွက် လိုအပ်သော ရေသန့်စင်ပေးသည့် အလုပ်ရုံများလုပ်ငန်းဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် အောက်ဆီဂျင်ထုတ်လုပ်သောအလုပ်ရုံတွင် အသုံးပြုမည့် ဆက်စပ်ပစ္စည်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အောက်ဆီဂျင်ထုတ်လုပ်သော အလုပ်ရုံလည်ပတ်နိုင်ရေးအတွက် မြန်မာဘက်မှ ဆောင်ရွက်ရမည့်လုပ်ငန်း ၄၅ ခုအနက် ဆောင်ရွက်ပြီးစီးနိုင်မည့်လုပ်ငန်းများကို ယခုနှစ် မတ်လမတိုင်မီ ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် ဆက်လက်ဆောင်ရွက်ရမည့် ကျန်လုပ်ငန်းများကိုလည်း သတ်မှတ်အချိန်အတိုင်း ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားသည်။

မွန်းလွဲပိုင်းက ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ရှိ စက်ရုံ အစည်းအဝေးခန်းမ၌ စက်ရုံမှူး၊ စက်ရုံတည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူများ၊ အလုပ်ရုံခွဲများမှ တာဝန်ခံအရာထမ်းများနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး ဝန်ထမ်းများအားလုံး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးပြီးစီးနိုင်ရန် လိုအပ်သကဲ့သို့ မိမိတို့ကိုင်တွယ်ဆောင်ရွက်ရမည့် စက်ပစ္စည်း များနှင့်ပတ်သက်၍လည်း ကျွမ်းကျင်မှုရှိအောင် ကြိုတင်လေ့လာထားရန်ပြောကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ပေးကာ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)