လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ပုဂ္ဂလိကဘဏ်များတွင် လုံခြုံရေးဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ပုဂ္ဂလိကဘဏ်များတွင် လုံခြုံရေးဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး





ရန်ကုန်၊ ဇန်နဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ ပုဂ္ဂလိကဘဏ်များတွင် CCTV တပ်ဆင်ထားရှိမှုနှင့် အချက်ပေးစနစ်တပ်ဆင်ထားရှိမှုများ ကြည့်ရှုစစ်ဆေးခြင်းကို ၂၀၂၅ ခုနှစ်၊ ယနေ့နံနက်(၁‌ဝ)နာရီ၌ အမှတ် (၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိသည်။

ကွင်းဆင်းရာတွင် ရပ်ကွက်အတွင်းရှိ ပုဂ္ဂလိကဘဏ်များဖြစ်သည့် AYA၊ MOB၊MM bank၊ KBZ Bank နှင့် ကမ္ဘာ့ရတနာဘဏ်(၅)ခုတို့အား CCTV တပ်ဆင်ထားမှု အချက်ပေးစနစ်တပ်ဆင်ထားမှု၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ နောက်ဆုံးအခြေအနေနှင့်အညီ ကိုက်ညီမှု ရှိ၊ မရှိ တို့အား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။


ခင်ဝင်းမူ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)