ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယသီးနှံနွေစပါး ( အောင်နိုင်တိုး) အား လက်ဆွဲကောက်စိုက်စက်နှင့် ကူဘူတာကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယသီးနှံနွေစပါး ( အောင်နိုင်တိုး) အား လက်ဆွဲကောက်စိုက်စက်နှင့် ကူဘူတာကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြ






ပေါင်၊ ဇန်နဝါရီ ၁၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယသီးနှံနွေစပါး ( အောင်နိုင်တိုး) အား  လက်ဆွဲကောက်စိုက်စက် နှင့် ကူဘူတာကောက်စိုက်ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ရင်းငြိမ်မြောက်ကျေးရွာ တောင်သူတစ်ဦး၏ လယ်မြေ၌ ပြုလုပ်ခဲ့သည်။

ထို ဒုတိယသီးနှံနွေစပါး ( အောင်နိုင်တိုး)လက်ဆွဲကောက်စိုက်စက် နှင့် ကူဘိုတာကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြ လက်တွေ ပြသစိုက်ပျိုးခြင်းကို ရင်းငြိမ်မြောက်ကျေးရွာ ရှိတောင်သူ  ဒေါ်သီင်္ဂီမြင့် ၏ လယ်ယာမြေ၌ ပြုလုပ်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်၊မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မှဦးစီးအရာရှိ ဦးရဲမြင့် နှင့်ဝန်ထမ်းများ ၊မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန တို့မှ တာဝန်ရှိသူတို့က ကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသည်။

သထုံခရိုင်၊ပေါင်မြို့နယ်စက်မှုလယ်ယာဦးစီးဌာနအ‌နေဖြင့် ပေါင်မြို့နယ်အတွင်း နွေစပါးစိုက်ကာလ၌ တောင်သူများ လုပ်သားရှားပါးမှု ပြေလည်စေရန်အတွက် ကျဲပက်စိုက်ပျိုးခြင်းအစား လက်ဆွဲကောက်စိုက်စက်နှင့် ကူဘိုတာကောက်စိုက်စက်  ကိုအသုံးပြုပြီး စိုက်ပျိုးခြင်းဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် တောင်သူများ၏ လူမှုစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက် လာစေနိုင်ရန် ရည်ရွယ်၍ ပြသရခြင်းဖြစ်ကြောင်းသိရသည်။


မွန်မလေး

Join - https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)