ဆင်ပေါင်ဝဲ၊ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာ အတွင်းရှိ အထွေထွေရောဂါဝေဒ နာလူနာများအား ရောဂါဝေဒနာ ခံစားရမှု သက်သာပျောက်ကင်း စေရန်အတွက် မင်းဘူးမြို့ပြည် သူ့ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ယမန်နေ့က ချောင်းကောက်ကျေးရွာ တိုက် နယ်ဆေးရုံ၌ အခမဲ့ နယ်လှည့် ကွင်းဆင်းဆေးကု သပေးခဲ့သည်။
ထိုသို့ ဆေးကုသမှုတွင် မင်းဘူးမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အေးမြဝင်း ဦးဆောင်သည်။ သောသမားတော်(အထွေထွေ)၊ ခွဲစိတ်အထူးကုဆရာဝန်၊ သား ဖွားနှင့် မီးယပ်အထူးကုဆရာဝန်၊ မျက်စိအထူးကုဆရာဝန်၊ အရိုး အကြောရောဂါအထူးကု ဆရာဝန်၊ ကလေးအထူးကုဆရာ ဝန်၊ နား၊ နှာခေါင်း၊ လည် ချောင်း၊ ဦးခေါင်းအထူးကုဆရာ ဝန်၊ ဓာတ်မှန်အထူးကုဆရာဝန် အဖွဲ့ အစရှိသည့် အထူးကုဆရာ ဝန်ကြီးများ၊ သူနာပြုဆရာ ဆရာမများနှင့် ကျန်းမာရေးဝန် ထမ်းများသည် ရောဂါ ဝေဒနာ ခံစားနေရသော လူနာများအား သက်ဆိုင်ရာ အထူးကုဆရာဝန် ကြီးများကကြည့်ရှုကာ ရောဂါ ဝေဒနာများအား ကုသပေးခြင်း လုပ်ငန်းများနှင့် ဆေးဝါးများ အား အခမဲ့ထောက်ပံ့ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အခမဲ့ကွင်းဆင်း ဆေးကုသပေးနေမှုအား မကွေးတိုင်းဒေသကြီး သင်ကြားရေးဆေးရုံအုပ်ကြီးနှင့် အဖွဲ့ဝင်များ၊ အောင်လံခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးကာ ဆေးလာ ရောက်ကုသသည့် လူနာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေး စကားပြောကြားခဲ့ပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီက ပြည်သူ့ဆေးရုံတွင် လူနာများအား ဆေးကုသပေးနေမှုအခြေအနေများ၊ ဆေးဝါးများ အခမဲ့ထောက်ပံ့ပေး နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment