ဓားစာခံတွေ လွှတ်မပေးရင် အရှေ့အလယ်ပိုင်းမှာ ငရဲမီးတွေလောင်သွားမယ်ဆိုပြီး ထရမ့်ကြိမ်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ဓားစာခံတွေ လွှတ်မပေးရင် အရှေ့အလယ်ပိုင်းမှာ ငရဲမီးတွေလောင်သွားမယ်ဆိုပြီး ထရမ့်ကြိမ်း


ဇန်နဝါရီ - ၈ ( ဗုဒ္ဓဟူးနေ့ ) 

ဂါဇာဒေသမှာ ဟားမတ်လက်နက်ကိုင်တွေဖမ်းဆီးထားတဲ့ ဓားစာခံတွေကို သူသမ္မတရာထူး ကျမ်းကျိန်မယ့် ဇန်နဝါရီလ ၂၀ ရက်နေ့ မတိုင်မီမှာ အပြီးလွှတ်ပေးရင်လွှတ်ပေး မလွှတ်ပေးလို့ကတော့ သူသမ္မတဖြစ်တာနဲ့ အရှေ့အလယ်ပိုင်းမှာ ငရဲမီးလောင်တိုက်သွင်းပစ်မယ်လို့ အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ဒီကနေ့ ကြိမ်းဝါးလိုက်ပါတယ်။ 

ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက ဟားမတ်တွေရဲ့ ဖမ်းဆီးခြင်းကို ခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းမှုတွေ လုပ်နေတဲ့ အခြေအနေကို သိချင်ပါတယ်လို့ မေးရာမှာ “ကျနော် ရာထူးလက်မခံမီ အဲ့ဒိဓားစားခံတွေ အကုန်လွှတ်ပေး ရမှာ။ တကယ်လို့ ကျနော်သမ္မတ ဖြစ်ပြီးတဲ့အထိ မလွှတ်သေးရင်တော့ အားလုံး ငရဲရောက်သွားအောင် လုပ်ပစ်မှာပါ။ ကျနော်က စေ့စပ်ညှိနှိုင်းတာကို မထိခိုက်စေချင်ဘူး။ ပြန်လွတ်ပေးပေါ့ဗျာ။ မလွှတ်ရင်တော့ အရှေ့အလယ်ပိုင်းတစ်ခုလုံး ငရဲပြည်ကိုရောက်သွားမယ်“ လို့ ဆိုပါတယ်။ 

“လက်ရှိအနေအထားက ဟားမတ်တွေအတွက်လည်း မကောင်းဘူး။ ဘယ်သူ့အတွက်မှလည်း မကောင်းဘူး ဖြစ်နေတယ်။ ကျနော် နောက်ထပ်မပြောတော့ဘူးနော်။ အဲ့ဒါဘာလဲ ဆိုတာကို ခင်ဗျားတို့သိပါတယ်။ သူတို့ဓားစားခံတွေ လွှတ်ပေးသင့်တာ ကြာနေပြီဗျ။ သူတို့တွေ ဓားစားခံတွေကို ဖမ်းလည်း မဖမ်းသင့်ဘူး။ အောက်တိုဘာ ၇ ရက်လို တိုက်ခိုက်မှုတွေက လုပ်ကို မလုပ်သင့်တာဗျ။ လူတွေကတော့ သူတို့လုပ်တာတွေကို မေ့သွားပြီ။ ဒါပေမဲ့ လူတွေအများကြီး သေခဲ့ရတယ်ဗျာ “ လို့ ဒေါသတကြီးနဲ့ ပြောသွားပါတယ်။ 


REF: News 18

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)