ဘိုင်ဒန်က ထရမ့်ကို ဆန်ရှင်ထောင်ချောက်ဆင်နေတယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုင်ဒန်က ထရမ့်ကို ဆန်ရှင်ထောင်ချောက်ဆင်နေတယ်


ဇန်နဝါရီ - ၁၃ ( တနင်္လာနေ့ ) 

ဇန်နဝါရီလ ၂၀ ရက်နေ့မှာ အိမ်ဖြူတော်ကနေထွက်ခွာရတော့မယ် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်က နောက်တက်လာမယ့် သမ္မတသစ် ဒေါ်နယ်ထရမ့်ကို ရုရှား အရေးနဲ့ပတ်သက်လာရင် လုပ်ရကိုင်ရခက်ခဲအောင် ပြုလို့ပြင်လို့ မလွယ်တဲ့၊ မရတဲ့ အမိန့်တွေ ဥပဒေတွေကို ပြင်ဆင်လုပ်ကိုင်နေတယ်လို့ ဝါရှင်တန်ပို့စ် သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ 

ယူကရိန်းအရေးနဲ့ပတ်သက်လာရင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို အစာမကျေဖြစ်နေတဲ့ ဘိုင်ဒန်က ရုရှားနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု ( ဆန်ရှင် ) အသစ်တွေ ထပ်လုပ်ဖို့ကြိုးစားနေပါတယ်။ အဲ့ဒိကန့်သတ်ချက် တွေကို ပူတင်နဲ့ ရင်းနှီးတဲ့ သမ္မတသစ်ဒေါ်နယ်ထရမ့် ပြင်ဆင်လို့မရအောင် အခိုင်အမာ တည်ဆောက်နေပါတယ်။ 

ထရမ့်အနေနဲ့ ရုရှားအပေါ်ချမှတ်ထားတဲ့ ဆန်ရှင်တွေကို လျှော့ပေါ့နိုင်ဖို့ကြိုးစားခဲ့ရင်တောင် အမေရိကန် ကွန်ဂရက်က ခိုင်ခိုင်မာမာတည်ဆောက်ပြီးသားဖြစ်တဲ့ ဥပဒေတွေနဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ အမေရိကန် ကွန်ဂရက်အမတ်တွေက ရုရှားကိစ္စကို တော်တော်ကြီး တင်းနေပုံရပါတယ်။ ထရမ့်ရဲ့ ယူကရိန်း - ရုရှား ပဋိပက္ခ ညှိနှိုင်းရေး လမ်းကြောင်းကို ရှုတ်ထွေးသွားအောင် လုပ်နိုင်လောက်ပါတယ်။ 

ရုရှားနဲ့ ပတ်သက်တဲ့ ပိတ်ဆို့အရေးယူမှုဆိုင်ရာဆုံဖြတ်ချက်အားလုံးကို ကွန်ဂရက်အမတ်တွေရဲ့လက်ထဲကို မရောက်ရောက်အောင် ထိုးအပ်နေတာဖြစ်လို့ ဘယ်အချိန် ၊ ဘယ်လောက်ကြာမှ ဖြေလျှော့မယ်ဆိုတာ ကွန်ဂရက်ကပဲ ဆုံးဖြတ်ပါလိမ့်မယ်။ 

ထရမ့်ရဲ့အမျိုးသားလုံခြုံရေး အကြံပေး မိုက်ကယ်ဝေါ့်ဇ်ကတော့ ပူတင်ကို ဆန်ရှင်တွေနဲ့ ဖိအားပေးပြီး အကြပ်ကိုင်ဖို့ဆိုတာက သိပ်ပြီးဖြစ်နိုင်ခြေကောင်းတဲ့ အရာမဟုတ်ဘူးလို့ ငြင်းဆန်ထားပါတယ်။ ကွန်ဂရက်ကတော့ သမ္မတသစ်ရဲ့ မူဘောင်တွေကို လိုက်နာကောင်းလိုက်နာမှာဖြစ်ပေမဲ့ ရုရှားကိုတော့ ဆန်ရှင်နဲ့ဖိအားပေးပြီးတော့ ထိန်းချုပ်ထားချင်ပုံရပါတယ်။ ဝေါ့်ဇ်ကတော့ ပူတင်ကို ဖိအားတွေပေးထားလေလေ ယူကရိန်း ပဋိပက္ခကို ပူတင်ဘက်က လျှော့ပေးဖို့မဖြစ်လေလေပဲ ဖြစ်နေမှာပေါ့လို့ ဆိုပါတယ်။ 

အခုဘိုင်ဒန်လုပ်တဲ့ ဆန်ရှင်အသစ်က ရုရှား ရေနံကုမ္ပဏီကြီးတွေဖြစ်တဲ့ ဂေဇ်ပရွန် တို့ ၊ ဆာဂတ်နတ်ဖတီ တို့လို ရေနံကုမ္ပဏီကြီးတွေရဲ့ ရေနံတင်သင်္ဘော ၁၃၈ စီးကို ဦးတည်နေတာပဲ ဖြစ်ပါတယ်။ 


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)