ဇန်နဝါရီ - ၁၃ ( တနင်္လာနေ့ )
ဖေ့စ်ဘုတ်၊ အင်စတာဂရမ်၊ ဝှတ်စ်အပ် နဲ့ သရက်ဒ် ဆိုရှယ်မီဒီယာတွေရဲ့ မိခင်ကုမ္ပဏီ မက်တာရဲ့ ပိုင်ရှင်ဖြစ်သူ မက်ခ် ဇူကာဘာဂ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သိပ်စိတ်ပျက်တာပဲ လို့ ဆိုလိုက်ပါတယ်။ ဆိုရှယ်မီဒီယာတွေထဲက သတင်းစကားတွေကို အစိုးရပိုင်း အေဂျင်စီတွေက စောင့်ကြည့်တာတွေ၊ ဖောက်ယူကြည်ရှု့တဲ့ကိစ္စတွေကို ပြုလုပ်နေတာနဲ့ ပတ်သက်ပြီး ဇူကာဘာဂ်က မဖြစ်သင့်ဘူးဆိုပြီး လူသိရှင်ကြား ပြောဆိုလာမှုအပေါ် သမ္မတဘိုင်ဒန်က ဇူကာဘာဂ်က အမေရိကန်တွေရဲ့ စံနှုန်းနဲ့မကိုက်ညီဘူးလို့ မနေ့ကပြုလုပ်တဲ့ အိမ်ဖြူတော်သတင်းစာရှင်းလင်ပွဲမှာ ဆိုသွားပါတယ်။
ဇူကာဘာဂ်က “အစိုးရပိုင်းအနေနဲ့ ဆိုရှယ်မီဒီယာတွေရဲ့ အချက်အလက်စစ်ဆေးတာ က နိုင်ငံရေးအရဘက်လိုက်လွန်းတယ်” လို့ ဝေဖန်သွားပါတယ်။ သူက သတင်းစကားတွေကို ပိုပြီး လုံခြုံလုပ်ဖို့အတွက် ကြိုးစားနေတယ်ဆိုပြီးတော့လည်း ဝန်ခံသွားပါတယ်။
ဘိုင်ဒန်ကတော့ “ဒီလူက လူပြိန်းကြိုက်တွေကို သိပ်ပြောတာပဲ။ အမေရိကန်သွားနေတဲ့ လမ်းကြောင်းကို တည့်တည့်ကြီးကို ဆန့်ကျင်လိုက်တာပဲ” လို့ ပြောပါတယ်။
ဇူကာဘာဂ်က “အစကတော့ အချက်အလက်တွေကို စစ်ဆေးတယ်ဆိုတာနဲ့ စတာပါပဲ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ အယူအဆ မတူတဲ့သူတွေ၊ မတူညီတဲ့ လှုတ်ရှားမှုတွေကို ပိတ်ချတာတွေ ပိုပိုပြီးတော့ လုပ်လာကြတယ်။ အဲ့တော့ အစကလုပ်တဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ စောင့်ကြည့်တယ်ဆိုတဲ့ သဘောနဲ့ ဝေးဝေးလာတာကို တွေ့လာရတယ်” လို့ဆိုပါတယ်။
အခုတော့ မက်တာက အီလွန်မက်စ်ရဲ့ X မီဒီယာ ( ယခင်တွစ်တာ ) မှာ သုံးတဲ့ လုံခြုံရေး စနစ်တွေကို တပ်ဆင်ဖို့လုပ်နေပါတယ်။ မက်တာက မတူကွဲပြားမှုများ၊ သာတူညီမျှမှုများပါတဲ့ အစီအစဉ်အသစ်ကို စတင်လုပ်ဆောင်နေပါတယ်။ ဆိုရှယ်မီဒီယာသုံးစွဲသူများရဲ့ လိင်၊ လူမျိုး ပိုင်းဆိုင်ရာ ကွဲပြားမှုနဲ့ ပတ်သက်ပြီး နောက်ခံသမိုင်းဆိုင်ရာ အချက်အလက်တွေကိုလည်း လျှော့ချပေးသွားမယ်လို့ ဆိုပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment