ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဇန်နဝါရီ ၁၇

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနှင့်အဖွဲ့အား ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မသန်စွမ်းသူများအတွက် စိတ်ဓာတ် မြှင့်တင်ဖော်ဆောင်ပေးနိုင်ရေးနှင့် အခွင့်အလမ်းများ ပိုမိုမြှင့်တင်ပေးနိုင်ရေး၊ လူ့အဖွဲ့အစည်းအတွင်း တန်းတူညီမျှမှုရှိရေးနှင့် ပူးပေါင်းလုပ်ဆောင်သွားနိုင်ရေး၊ ဆန်းသစ်တီထွင်မှုနှင့် အားကစားကဏ္ဍ တွင် မသန်စွမ်းသူများအားလုံးပါဝင်နိုင်ရေး၊ အလုပ် အကိုင် ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုနယ်ပယ်များ တွင် ချိတ်ဆက်ပေးနိုင်ရေး၊ ရုပ်သံအသိပညာပေး အစီအစဉ် ဆောင်ရွက်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်း အတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)