ယူကရိန်းစစ်ပွဲထဲကို ဗြိတိန်နဲ့ပြင်သစ်စစ်သားတွေ တိုက်ရိုက်ပါဝင်လာနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းစစ်ပွဲထဲကို ဗြိတိန်နဲ့ပြင်သစ်စစ်သားတွေ တိုက်ရိုက်ပါဝင်လာနိုင်


ဇန်နဝါရီ ( ၁၇ ) သောကြာနေ့

ဗြိတိန်ဝန်ကြီးချုပ်  ကီယာစတာမာနဲ့ နှင့် ပြင်သစ်သမ္မတ အမ်နျူရီယယ် မာခွန် တို့သည် ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့အဖြစ် ယူကရိန်းသို့ ၎င်းတို့၏ စစ်သည်များစေလွှတ်ရန် ဆွေးနွေးခဲ့ကြောင်း အမည်မသိ သတင်းရင်းမြစ် များကို ကိုးကား၍ ဗြိတိန်တယ်လီဂရပ်သတင်းဌာနက ဖော်ပြခဲ့သည်။

ယူကရိန်းနိုင်ငံထဲကို နိုင်ငံခြားစစ်တပ်များဝင်လာပြီး တပ်စွဲဖို့ကိစ္စနဲ့ပတ်သက်ပြီး သမ္မတဇီလန်စကီးက ပြီးခဲ့တဲ့အပတ်က အင်တာဗျူးတစ်ခုမှာ ဗြိတိန်ဝန်ကြီးချုပ် ယူကရိန်းကို လာလည်ရင် အဲ့ဒိကိစ္စကို ရအောင်ပြောမယ်လို့ ဆိုထားခဲ့ပါတယ်။ နိုင်ငံခြားစစ်တပ်တွေအနေနဲ့ ယူကရိန်းနိုင်ငံထဲကို ငြိမ်းချမ်းရေး တပ်ဖွဲ့အမည်ခံပြီး လာလို့ရတယ်ဆိုပြီးတော့ ပြောမှာဖြစ်ပါတယ်။ စတာမာဘက်ကတော့ လူသိရှင်ကြားထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပါဘူး။ 

ဒေါင်းနင်းလမ်း နဲ့ Elysee နန်းတော်မှ ပြောရေးဆိုခွင့်ရှိသူ ၁၀ ဦးက စတာမာနဲ့ မာခွန်းတို့သည် ယူကေရှိ ချက်ကာအိမ်ရာတွင်  ပြီးခဲ့သောအပတ်က ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေ လွှတ် မလွှတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ် ဆိုတာကို မဟုတ်ပါဘူးလို့  ငြင်းဆိုခဲ့သော်လည်း စကားဝိုင်းနှင့်ပတ်သက်၍ အသေးစိတ်ကို ပြောကြားခဲ့ခြင်း မရှိပေ။ မနေ့ကတော့ စတားမာက ယူကရိန်းကို ရောက်လာခဲ့ပြီး ယူကရိန်းနှင့် “နှစ် ၁၀၀ မိတ်ဖက်ဆက်ဆံရေး” စာချုပ်ကို ကတိပြုခဲ့ပါတယ်။ 

ယူကရိန်းကို ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေလွှတ်မယ်ဆိုတာက ဥရောပ နိုင်ငံတွေရဲ့သဘောဖြစ်ပြီး နေတိုးအဖွဲ့ရဲ့ သဘောတူညီချက်မပါပေ။ အမေရိကန်ကတော့ လောလောဆယ် စစ်တပ်တွေလွှတ်ဖို့အစီအစဉ် မရှိသေးပါဘူး။ အကယ်၍ ဥရောပနိုင်ငံတွေရဲ့ စစ်တပ်တွေ ယူကရိန်းကိုလွှတ်မယ်ဆိုရင် စစ်တပ်တွေကို ကွပ်ကဲရေး ပြဿနာက အတိုင်အတာအရှည်ကို မသိနိုင်ဘူး ဖြစ်နေပါတယ်။ မီဒီယာတွေကတော့ အဲ့ဒိကိစ္စဖြစ်လာဖို့ရာ အတည်မပြုနိုင်သေးကြောင်း ဆိုထားပါတယ်။ 

လွန်ခဲ့သည့်လက ပိုလန်ဝန်ကြီးချုပ်  ဒေါ်နယ်တက်စကီနဲ့ တွေ့ဆုံစဉ် မာခွန် က  "ဥရောပ" ငြိမ်းချမ်းရေးအစောင့်တပ်များအကြောင်း စိတ်ကူးကို တင်ပြခဲ့တယ်လို့ သတင်းရပေမဲ့ ပိုလန်အစိုးရဘက်ကတော့ “အဲ့ဒိလိုလုပ်ရပ်တွေက အစီအစဉ်မကျတဲ့အတွက် လုပ်ဆောင်မှာ မဟုတ်ဘူး”လို့ ငြင်းဆိုခဲ့ကြောင်း ပြောကြားသည်။

ယခုရက်သတ္တပတ်အစောပိုင်းတွင်၊ ဇီလန်စကီးက ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ စိတ်ကူးကို အကောင်အထည်ဖော်ရန်အတွက် “အဓိကမဟာမိတ်များ” နှင့် ဆွေးနွေးခဲ့တယ်လို့ ၎င်း၏ ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့ပါတယ်။


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)