ဇန်နဝါရီ- ၈ ( ဗုဒ္ဓဟူးနေ့ )
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ဂျာမန်ရဲတပ်ဖွဲ့က လူ ၂၂ ဦး ပစ်သတ်ခဲ့ပြီး စံချိန်တင်ခဲ့တယ်လို့ dpa သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ၂၀၂၃ ခုနှစ်တွင် လူ ၁၀ ဦးကို ပစ်သတ်ခဲ့တာကြောင့် မနှစ်က စံချိန်က တမြန်နှစ်က ထက် ၂ ဆကျော် ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ အင်္ဂါနေ့က ထုတ်ပြန်သည့် အစီရင်ခံစာအရ ၂၀၂၂ တွင် ၁၁ယောက် နဲ့ ၂၀၂၁ တွင် ၈ယောက်ပစ်သတ်ခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။
အရပ်ဖက်အခွင့်အရေးနဲ့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှ စာရင်းဇယားများအရ၊ ၂၀၂၄ သေဆုံးမှုများသည် ၁၉၉၀ ခုနှစ် ဂျာမန် ပြန်လည်ပေါင်းစည်းရေးနောက်ပိုင်း အမြင့်ဆုံးနှစ် လို့ ဆိုပါတယ် ။ ယခင်က စံချိန်တင်သေဆုံးမှုများမှာ ၁၉၉၅ နှင့် ၁၉၉၉တို့တွင် တစ်နှစ်ကို ၁၉ ဦး သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။
ပစ်သတ်ခဲ့ရတဲ့ အရပ်သား အများစုသည် မကြာခဏ ဓားများ ကိုင်ဆောင်ကာ စိတ်ပိုင်းဆိုင်ရာ ဒုက္ခရောက် နေသူများ ပါဝင်နေပါတယ် ။ ဥပမာအားဖြင့်၊ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် မြူးနစ်စူပါမားကတ် တစ်ခုတွင် ဓားကိုင်ရမ်းကားမှုကြောင့် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရပါတယ်။ စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးဝါး ဆိုင်ရာ ပြဿနာများကြောင့် တရားဥပဒေစိုးမိုးရေး ကိစ္စများ တိုးတက်လာတယ်လို့ ဆိုထားပါတယ်။
၂၀၂၄ နောက်ဆုံးရက်မှာ ဂရန်းဖီးလ်မြို့မှာ ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးက မြေတူးစက်တစ်စီးကို ခိုးလာပြီး လူနေအဆောက်အအုံတွေကို တိုက်ဖျက်ကာ ဖျက်ဆီးမှု လုပ်နေတဲ့ အပြင် လာရောက်တားဆီးတဲ့ ရဲတပ်ဖွဲ့တွေကိုလည်း ပြန်လည်တိုက်ခိုက်မှုလုပ်တဲ့အတွက် ရဲတွေက အသေပစ်သတ် ဖမ်းဆီးခဲ့ရပါတယ်။
၂၀၂၄ခု ဒီဇင်ဘာလ ၂၀ ရက်နေ့က မဂ်ဒီဘာဂ်မြို့ ခရစ္စမတ်ဈေး တိုက်ခိုက်မှု ဖြစ်ပွားခဲ့တုန်းက လူအုပ်ထဲသို့ ကားတစ်စီး ဝင်တိုက်ခဲ့ရာ လူခြောက်ဦး သေဆုံးကာ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်မှုတွင် သံသယရှိသူမှာ အသက် ၅၀ အရွယ် ဆော်ဒီဆရာဝန်တစ်ဦးဖြစ်ပြီး အခင်းဖြစ်နေရာတွင် ဖမ်းဆီးခံခဲ့ရပါတယ်။
ဂျာမန်ရဲများသမဂ္ဂ (GdP) အကြီးအကဲ ဂျိုချန်ကိုပယ်ကီက အောက်တိုဘာလတုန်းက သတင်းဌာနများသို့ ပြောကြားရာတွင် လူအသေအပျောက်များသော ပစ်ခတ်မှုများ မြင့်တက်လာခြင်းသည် လူမှုရေးအကြမ်းဖက်မှုများ တိုးလာခြင်းနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ဆိုပါတယ်။ အရာရှိများသည် ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရပြီး ပြင်းထန်သော အခြေအနေများတွင် ခြိမ်းခြောက်မှုများကို ချေမှုန်းရန် ပြတ်ပြတ်သားသား မကြာခဏ လုပ်ဆောင်ရကြောင်း ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။ မကြာသေးမီက ရဲတပ်ဖွဲ့၏ စာရင်းဇယားများ အရ ဂျာမနီတွင် အကြမ်းဖက်မှု ရာဇဝတ်မှုများ သိသိသာသာ မြင့်တက်လာကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ပါတယ် ။ ၂၀၂၃ ခုနှစ်တွင် ၂၄၁၀၉၉ မှု ဖြစ်ပွားခဲ့ပြီး ၁၅နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါတယ်။
REF: RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment