တာလီဘန်တွေ ဖမ်းထားတဲ့ အမေရိကန်တွေကို အကျဉ်းသားချင်းလဲလှယ်ဖို့လုပ်တဲ့ ဘိုင်ဒန်ရဲ့ အစီအစဉ် မအောင်မြင်သေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာလီဘန်တွေ ဖမ်းထားတဲ့ အမေရိကန်တွေကို အကျဉ်းသားချင်းလဲလှယ်ဖို့လုပ်တဲ့ ဘိုင်ဒန်ရဲ့ အစီအစဉ် မအောင်မြင်သေး


 ဇန်နဝါရီ - ၈ ( ဗုဒ္ဓဟူးနေ့ ) 

အိုစမာဘင်လာဒင်နှင့် ဆက်နွှယ်တယ်လို့ စွပ်စွဲခံထားရသော ဂွာတာနာမိုအကျဉ်းထောင်ထဲက အကျဉ်းသားတွေနဲ့ အာဖဂန်နစ္စတန်မှာ အဖမ်းခံထားရတဲ့ အမေရိကန်သားတွေကို အကျဉ်းသားချင်း လဲလှယ်ရန်အတွက် ၂၀၂၄ ဇူလိုင်လကတည်းက သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့က ညှိနှိုင်းနေကြောင်း Wall Street Journal က အင်္ဂါနေ့တွင် ဖော်ပြခဲ့ပါတယ်။

WSJ ၏အဆိုအရ သမ္မတ ဂျိုးဘိုင်ဒန် ရဲ့ အစိုးရအဖွဲ့သည် ၂၀၂၂ ခုနှစ်တုန်းက ဖမ်းဆီးခံခဲ့ရသော ရိုင်ယန်ကောဘတ်၊ ဂျော့ဂျ် ဂလက်စမန် နဲ့ မာမွတ်ဟာဘီဘီ တို့ကို ပြန်လွှတ်ပေးရန် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း WSJ မှ သိရပါတယ်။

တာလီဘန်တွေက ရိုင်ယန်ကောဘတ်နဲ့ ဂလက်စမန်းတို့ကို ပြန်လွှတ်ပေးဖို့ဆိုရင် အမေရိကန်တွေ ဖမ်းထားတဲ့ ရာဟင်ဆိုသူနဲ့ နောက်ထပ် တာလီဘန် အကျဉ်းသား ၂ယောက်ကို ပြန်လွှတ်ပေးဖို့အတွက်တောင်းဆို ထားပါတယ်။ ဒါပေမဲ့ အမေရိကန်တွေ တောင်းတဲ့ ဟာဘီဘီကတော့ သူတို့ဆီမှာ မရှိဘူးလို့ ငြင်းထားပါတယ်။ 

ဘိုင်ဒန်က တာလီဘန်များရဲ့ အဆိုပြုချက်ကို မဆုံးဖြတ်ရသေးကြောင်း အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ဒီဇင်ဘာ ၁၇ ရက်နေ့က ကွန်ဂရက်ကို အသိပေးခဲ့ပြီး တိုးတက်မှု နှေးကွေးခြင်းကြောင့် အကျဉ်းသားများ၏ မိသားစုများအကြား စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

ကောဘတ်နဲ့ ဂလက်စမန်တို့ကို တာလီဘန်တွေက မှားယွင်းပြီး ဖမ်းဆီးထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ဟာဘီဘီကိုတော့ တာလီဘန်တွေ တမင်ဖမ်းထားတာလို့ FBI ကဆိုပါတယ်။  မနှစ်က အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီ၏ အစီရင်ခံစာမှာ ရာဟင်အား အယ်လ်ကေးဒါး စည်းရုံးရေးမှူးအဖြစ် သတ်မှတ်ခဲ့ပြီး ၎င်းအား ၂၀၀၇ ခုနှစ် ဇွန်လတွင် ပါကစ္စတန်တွင် ဖမ်းဆီးခဲ့ပြီး နောက်လတွင် စီအိုင်အေ အချုပ်ခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ရာဟင်ကို CIA ရဲ့ လျှို့ဝှက်နေရာတစ်ခုတွင် ထိန်းသိမ်းထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပြီး၊  ၂၀၀၈ ခုနှစ် မတ်လတွင် ဂွမ်တာနာမို အကျဉ်းထောင်သို့ မပြောင်းရွှေ့မီ ကြာရှည်စွာ အိပ်ရေးပျက်ခြင်းကဲ့သို့သော စစ်ကြောရေးနည်းပညာများကို ခံခဲ့ရပါတယ်။

ရာဟင်ကတော့  အယ်လ်ကိုင်ဒါနှင့် ဆက်စပ်မှု မရှိကြောင်း အမြဲတစေ ငြင်းဆိုထားပြီး အာဖဂန်နစ္စတန်တွင် ဘာသာဗေဒပညာရှင်အဖြစ် လုပ်ကိုင်ကာ အာရဗီနှင့် ပါရှ်တိုဘာသာစကား ဘာသာပြန်တစ်ယောက်လို့ ဆိုပါတယ်။ 


REF - RT 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)