ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်‌ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်‌ရောက်





ဟိုပုံး၊ ဇန်နဝါရီ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျောင်းရှိ ရွှေရတုခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးစောအောင်မျိုးနှင့် တာဝန်ရှိသူများက ပညာရေးစုံညီပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် ‌ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာစကားပြောကြားရာတွင် ပညာ‌ရေးဟာ နိုင်ငံတော်တည်ဆောက်ရေးရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာမှာ လူသားအရင်းအမြစ်များဖြစ်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များ လိုအပ်ပါကြောင်း၊ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်နိုင်ရန် ပညာရေးကို အဓိကဦးစားပေး ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းတွေဟာ ကလေးသူငယ်တွေရဲ့ ဘဝအခြေခံအုတ်မြစ်ကို တည်ဆောက်ပေးတဲ့ဌာနဖြစ်ပါကြောင်း၊ ပညာရေးမှာ တာဝန်ယူဆောင်ရွက်နေကြတဲ့ တာဝန်ရှိသူများနဲ့ ဆရာ၊ ဆရာမများ၊ မိဘပြည်သူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ စေတနာရှင်၊ အလှူရှင်၊ မိဘပြည်သူများအားလုံး လက်တွဲပြီး ပညာ‌ရေးမြင့်မားတိုးတက်စေဖို့ ညီညွတ်သော စည်းလုံးမှုစွမ်းအားဖြင့် ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန်ပြောကြားသည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသပညာရေးမှူး၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌတို့က အမှာစကားအသီးသီး ပြောကြားသည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး စောအောင်မျိုးနှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့် အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာမများကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများကိုလည်းကောင်း၊ ဗဟိုအဆင့်နှင့် ပြည်နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများကိုလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ရရှိသူများကိုလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဆုရရှိသူများကိုလည်းကောင်း၊ အထိမ်းအမှတ်နေ့ ပြိုင်ပွဲများတွင် ဆုရရှိသူများကိုလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်းသိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)