ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရည်အသွေးပြည့်ဝပြီး လူနာများအတွက် ဘေးကင်းလုံခြုံကာ သင့်တင့်သောဈေးနှုန်းဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး စဉ်ဆက်မပြတ် ထိန်းကျောင်းကြပ်မတ်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရည်အသွေးပြည့်ဝပြီး လူနာများအတွက် ဘေးကင်းလုံခြုံကာ သင့်တင့်သောဈေးနှုန်းဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး စဉ်ဆက်မပြတ် ထိန်းကျောင်းကြပ်မတ်လျက်ရှိ


နေပြည်တော်၊ ဇန်နဝါရီ ၁၇

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၅)ကို ယမန်နေ့က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဗဟိုအဖွဲ့အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အနေဖြင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရည်အသွေးပြည့်ဝပြီး လူနာများအတွက် ဘေးကင်းလုံခြုံကာ သင့်တင့်သောဈေးနှုန်းဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး စဉ်ဆက်မပြတ် ထိန်းကျောင်းကြပ်မတ်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍတွင် ဝန်ဆောင်မှုပေးနေသော ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများ သက်တမ်းရှိ သတ်မှတ်လိုင်စင်ရှိစေရေး၊ တည်ဆဲဥပဒေများနှင့် ငြိစွန်းထားသူများ မဖြစ်စေရေးတို့အတွက် မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီနှင့် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီများနှင့် ချိတ်ဆက်စိစစ်လျက်ရှိပြီး လူ့စွမ်းအားအရင်းအမြစ်များ မှန်ကန်စွာ အသုံးချနိုင်ရေးအတွက် မူဝါဒများ ချမှတ်ပေးလျက်ရှိကြောင်း။

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အနေဖြင့် တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်နေသော ပုဂ္ဂလိကဆေးရုံ၊ သားဖွားခန်း၊ အထူးဓာတ်ခွဲလုပ်ငန်း၊ အထူးဓာတ်မှန်လုပ်ငန်း၊ ကျန်းမာရေး အကျိုးဆောင်လုပ်ငန်းနှင့် အထွေထွေကျန်းမာရေးလုပ်ငန်းများကို ထိထိရောက်ရောက် စိစစ်ထိန်းကျောင်းလျက်ရှိပြီး လိုင်စင်စည်းကမ်းချက်များကို လိုက်နာရန်ပျက်ကွက်သည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများကိုလည်း ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများအရ ထိထိရောက်ရောက် အမှုဖွင့်အရေးယူခြင်းနှင့် စီမံခန့်ခွဲရေး နည်းလမ်းတစ်ရပ်ရပ်ဖြင့် အရေးယူခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း၊ ခေတ်ကာလလိုအပ်ချက်အရ လက်ရှိ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ဖြည့်စွက်ပြင်ဆင်သည့် ဥပဒေကိုအတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အလှအပရေးရာ ဆေးကုသမှုနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီ ထိန်းကျောင်းနိုင်ရေး လိုအပ်သည်များ ဆွေးနွေးကြမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းမှု၊ အထူးကိစ္စရပ်များနှင့် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းလိုင်စင်(အသစ်) လျှောက်ထားလာသည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)