ပျော်ဘွယ်၊ ဇန်နဝါရီ ၂၂
ပျော်ဘွယ်မြို့နယ်တွင် လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်က ပျော်ဘွယ်မြို့နယ်သည် သဘာဝဘေးအန္တရာယ်များအနက် လေပြင်းဘေးအန္တရာယ်ကို အများဆုံးခံစားရသည့် မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ဘေးအန္တရာယ်ခံစားခဲ့ရသည့်ပြည်သူများအား ပေးအပ်ခဲ့မှုအခြေအနေများကိုလည်း ပြည်သူများမျက်မြင်ကိုယ်တွေ့ဖြစ်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအေးမင်းသူက လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် နေအိမ်များကို အားဖြည့်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုးက မြို့နယ်အတွင်း လေပြင်းဘေးအန္တရာယ်ကာကွယ်နိုင်ရန် နေအိမ်များပြန်လည်ပြုပြင်လိုအပ်သည့် စာရင်းကောက်ယူခဲ့မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးရုံးမှဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ နေအိမ်ပြုပြင်ရန်လိုအပ်သည့် ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment