မှော်ဘီ , ဇန်နဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ပညာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၃)နှစ် အောက်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က မှော်ဘီမြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦး ဝင်းစိုးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့အမျိုးသားဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြှင့်မားရေးကို အထောက် အကူပြုစေရေး၊ မှော်ဘီမြို့နယ်မှ ဘောလုံးအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အမျိုးသားဘောလုံးအားကစားသမားများ ပေါ်ထွန်းလာစေရေး အဓိက ရည်ရွယ် ၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၃)နှစ်အောက် အခြေခံကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို အ.ထ.က(ရွှေမြယာ)နှင့် နယ်မြေ(၄)FC အသင်းတို့ ယှဉ်ပြိင်ခဲ့ရာ နယ်မြေ(၄) FC အသင်းက အ.ထ.က (ရွှေမြယာ)အသင်းအား (၁)ဂိုး(၀)ဂိုးဖြင့် ပထမဒိုင်း ဆုရရှိခဲ့ပြီး ပထမဆု ကျပ်(၅)သိန်း၊ ဒုတိယဆုကျပ်(၃)သိန်း၊ တတိယဆုကျပ်(၂)သိန်းကျပ်နှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို မြို့နယ်အတွင်းရှိကျောင်းများမှ ဘောလုံးအသင်း(၁၃)သင်း ဝင်ရောက်ယှဉ်ပြိုင်ကာ ပြိုင်ပွဲကို ဒီဇင်ဘာ ၂၄ ရက်နေ့မှ ဇန်နဝါရီ ၃ ရက်နေ့အထိ မှော်ဘီမြို့မဘောလုံးကွင်း၌ ယှဥ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)
https://t.me/MyanmarNationalPost
No comments:
Post a Comment