ဟိုပုံး , ဇန်နဝါရီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်း(VDP) ခွင့်ပြုရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဘက်စုံသုံးခန်းမဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀) နာရီအချိန်က ကျောက်တန်းကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာတွင် ပြုလုပ်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဦးမှ အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့်မှ ဘက်စုံသုံးခန်းမဆောင်သစ် အဆောက်အဦနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ နမ့်ဟူးကျေးရွာဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး တာဝန်ရှိသူများက ကျေးရွာဘက်စုံသုံးခန်းမဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။ အဆိုပါ ခန်းမဆောင်သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ခွင့်ပြုရန်ပုံငွေကျပ် (၁၅၀)သိန်းနှင့် ပြည်သူထည့်ငွေကျပ်(၇၃)သိန်း စုစုပေါင်းငွေကျပ်(၂၂၃)သိန်းဖြင့် အလျား(၄၀)ပေ၊ အနံ(၃၀)၊ အမြင့်(၁၂)ပေ တစ်ထပ်အုတ်ညှပ်အဆောက်အဦဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment