မှော်ဘီ , ဇန်နဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် ပူးပေါင်းဆောင်ရွက်သော မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်စု၊ ထိန်စွန်းကျေးရွာတွင်း လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်းက ကွန်ကရစ်လမ်းသစ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ထိန်စွန်းကျေးရွာကွန်ကရစ်လမ်းကော်မတီဝင် ဦးရဲဝင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သံယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ သန္ဓေပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အေးတို့မှ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ဝန်ကြီးများက ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါကွန်ကရစ်လမ်းမှာ အရှည် (၇၆၆၃) ပေ၊ ထု(၆) လက်မ၊ အကျယ် (၁၀)ပေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ်(၁၃၀.၂၇၁)သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် (၁၃၀.၂၇၁)သန်း စုစုပေါင်းငွေကျပ်(၂၆၀.၅၄၂)သန်းဖြင့် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ ကျေးရွာနေအိမ်ခြေ (၁၂၅၈)အိမ်၊ အိမ်ထောင်စု(၁၃၇၆)စု၊ ကျေးလက်နေပြည်သူ(၅၃၀၃)ဦးတို့၏ အလုပ်အကိုင်အခွင့်အလမ်းများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment