ကော့မှူး၊ ဇန်နဝါရီ ၂၁
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်လူငယ်ရေးရာကော်မတီဖလားအမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးမြင့်ဦးတို့က တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ အားကစားမူဝါဒများနှင့်အညီ မြို့နယ်လူငယ်ရေးရာကော်မတီအဖွဲ့၏ဦးဆောင်ကြီးကြပ်မှုဖြင့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်မြို့နယ်လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းထားသည့်ဦးစီးကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် မိမိတို့ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသောင်းရွှေတို့က လုံခြုံရေးဆောင်ရွက်မည့်ကိစ္စရပ်များ၊ တက်ရောက်လာသောဦးစီးကော်မတီ၊ ဆပ်ကော်မတီများမှ မိမိတို့လုပ်ဆောင်ရမည့်ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment