မုံရွာအကျဉ်းထောင်သီးသန့်တရားရုံးက အကြမ်းဖက်သမား တရားခံ(၂)ဦးအား ပြစ်ဒဏ်ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာအကျဉ်းထောင်သီးသန့်တရားရုံးက အကြမ်းဖက်သမား တရားခံ(၂)ဦးအား ပြစ်ဒဏ်ချမှတ်


                                                                                                                              

မုံရွာ၊ ဇန်နဝါရီ ၂၁

မုံရွာအကျဉ်းထောင်သီးသန့်တရားရုံးက ၂၀-၁-၂၀၂၅ ရက်တွင် အကြမ်းဖက်သမား တရားခံ(၂)ဦးအား ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့၊ ဒေါနခြံရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ဆန္ဒပြပွဲများတွင် ကိုယ်တိုင် ပါဝင်ဆန္ဒပြခြင်း၊ အကြမ်းဖက်သမားများ၏ ဓာတ်ပုံများအား ဖုန်းထဲတွင် သိမ်းထားခြင်း၊ လူမှုကွန်ရက်ပေါ်တွင် အကြမ်းဖက်သမားများနှင့် အဆက်အသွယ်ပြုလုပ်၍  အကြမ်းဖက်အဖွဲ့ထဲသို့ ဝင်ရောက်ရန် သွားရောက်ခဲ့သည့် တရားခံ မြတ်လင်းကို(ခ)မြတ်ကြီး အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အား ကျူးလွန်သဖြင့် ကလေးသူငယ်ဆိုင်ရာ ဥပဒေပုဒ်မ ၈၉(င)အရ အမိန့်ချမှတ်သည့်နေ့မှစ၍ ၂ နှစ်ပြည့်သည်အထိ မန္တလေးမြို လူငယ်သင်တန်းကျောင်းသို ပို့အပ်စေဟု  အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

အလားတူ မုံရွာမြို့ ဒေါနခြံရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သမားများ၏ ဓာတ်ပုံများအား ၎င်း၏ဖုန်းထဲတွင် သိမ်းထားခြင်း၊ အကြမ်းဖက်သမားများနှင့် အဆက်အသွယ် ပြုလုပ်၍  အကြမ်းဖက်အဖွဲ့ထဲသို့ ဝင်ရောက်ရန် သွားရောက်ခဲ့သည့် တရားခံ ကောင်းခန့်သူအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ် ကျခံစေရန်  အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)