ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ




မြစ်ကြီးနား၊ ဇန်နဝါရီ ၁၈

ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပထမနှစ်တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်အေးအေးမော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ယနေ့ အချိန်အခါသည် Information Technology (IT) ခေတ်ဖြစ်သည်နှင့်အညီ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးတိုးတက်မှုများအတွက် ကွန်ပျူတာအသိပညာရှင်၊ အတတ်ပညာရှင်တွေ များသည် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေပြီဖြစ်ပါကြောင်း၊ ယနေ့ လူငယ်မောင်မယ်များအနေဖြင့် မိမိတို့၏ ပညာသင်ကာလတစ်လျှောက်လုံးတွင် ပညာရပ်ပိုင်းဆိုင်ရာလေ့လာ ဆည်းပူးမှုများ ပြုလုပ်ကြရမည်ဖြစ်သကဲ့သို့ ဆန်းသစ်တီထွင်ကြံဆမှုများကိုလည်း လုပ်ဆောင်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ စွမ်းရည်မြင့်မားပြီး တီထွင်ကြံဆနိုင်သော IT ပညာရှင်များ ဖြစ်လာအောင် ကြိုးစားတည်ဆောက်ပြီး ဒေသအကျိုး၊ နိုင်ငံအကျိုးသယ်ပိုးနိုင်သော လူငယ်ပညာရှင်များဖြစ်အောင် ကြိုးစားကြရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ် ပဉ္စမနှစ်ကျောင်းသားတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောပြောကြားရာ ပထမနှစ်တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများ ကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပညာရည်ချွန်ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်အေးအေးမော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်နှင့် ပဉ္စမနှစ် စသည့် သင်တန်းနှစ်အလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရထူးချွန်ကျောင်းသားတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများ၏ တိုင်းရင်းသားရိုးရာ တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)