တောင်ကြီးမြို့ရှိ ပထမတောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက်သို့ အထူးကုကွင်းဆင်း ဆေးကုသမှုများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကြီးမြို့ရှိ ပထမတောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက်သို့ အထူးကုကွင်းဆင်း ဆေးကုသမှုများဆောင်ရွက်





တောင်ကြီး၊ ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် စဝ်စံထွန်းဆေးရုံကြီးတို့ ပူးပေါင်း၍ ရှမ်းပြည်နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်ကြီးသို့ အထူးကုကွင်းဆင်း ဆေးကုသမှုဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ပထမတောင်ကျောင်းကြီးကျောင်းတိုက်ရှိ ဇေယျသိဒ္ဓိဗိမာန်တော်ကျောင်း ဆောင်တွင် ပြုလုပ်သည်။

အထူးကုကွင်းဆင်း ဆေးကုသမှုဆောင်ရွက်ရာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် တာဝန်ရှိသူတို့ သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဆေးကုသခြင်းကို ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းနိုင်၊ စဝ်စံထွန်းဆေးရုံ ညွှန်ကြားရေးမှူး ဒေါက်တာ သီတာစိုး၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများ၊ တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက ပထမတောင်ကျောင်းကြီးကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော် ၂၆၉ ပါးတို့အား သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ အရေပြားရောဂါနှင့် အထွေထွေရောဂါများကို စမ်းသပ်စစ်ဆေးပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


စိုင်းသန်းကျော် 

#MNP #News #Health

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)